Sport
ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲ (အမျိုးသား) တွင် တရုတ်အသင်းက ပြင်သစ်အသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်
လန်ဒန်၊ မေ ၁၀ ရက် (ဆင်ဟွာ)
မေ ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ (အမျိုးသား) ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်အသင်းက ပြင်သစ်အသင်းကို ၃-၁ ပွဲဖြင့် ဒရာမာဆန်ဆန် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။တစ်သင်းနှင့်တစ်သင်း တစ်ပွဲစီ အနိုင်ရရှိထားချိန်တွင် လျန်ကျင့်ခွန်းက အလက်ဆစ် လီဘရန်းကို နှစ်ပွဲရှုံးနိမ့်နေရာမှ နောက်မှလိုက်ကစားကာ အံ့အားသင့်ဖွယ် အနိုင်ပြန်ရခဲ့ခြင်းဖြစ်သည်။ကမ္ဘာ့အဆင့်-၁ ဝမ်ချူချင်းက ဖလာဗီယန် ကိုတွန်၏ ကျားကုတ်ကျားခဲ ရင်ဆိုင်ကစားမှုကို အနိုင်ယူကျော်လွှားကာ တရုတ်အသင်းအတွက် စောစောစီးစီး နိုင်ပွဲရယူပေးခဲ့သည်။ ဝမ်က ပထမပွဲတွင် ၁၅-၁၃ မှတ်ဖြင့် ပွတ်ကာသီကာ အနိုင်ရခဲ့ပြီးနောက် နောက်ထပ်နှစ်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်စစ်အရှိန်မြှင့်ကာ ပွဲကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ငါးပွဲယှဉ်ပြိုင်ကစားပြီးနောက် အနိုင်ရရှိခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၉ ရက်က တရုတ်အသင်းနှင့် ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် တစ်ဦးချင်းပွဲစဉ်အဖြစ် ပြင်သစ်အသင်းမှ ဖလာဗီယန် ကိုတွန်နှင့် ယှဉ်ပြိုင်နေသည့် တရုတ်အသင်းမှ ဝမ်ချူချင်းအား တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်အသင်းမှ ဖီးလစ်ဇ် လီဘရန်းက လျင်လျင်မြန်မြန်တုံ့ပြန်ခဲ့ပြီး ၎င်း၏ ထက်မြက်သော တန်ပြန်တိုက်စစ်ကစားဟန်က လျင်ရှီးတုန့်ကို များစွာအခက်တွေ့စေခဲ့သည်။ အဆိုပါ ပြင်သစ်ကြယ်ပွင့်က ၁၁-၉၊ ၁၁-၉၊ ၁၂-၁၀ မှတ်ဖြင့် ၃ ပွဲပြတ် အနိုင်ရရှိခဲ့ရာ နှစ်သင်းကြား နိုင်ပွဲချင်းတူညီသွားခဲ့သည်။တတိယပွဲတွင်မူ အလက်ဆစ်က လျန်ကို ပထမနှစ်ပွဲတွင် စိုးမိုးထားနိုင်ခဲ့ပြီး စုစုပေါင်း ၄ မှတ်သာ ခွင့်ပြုခဲ့ရသည်။သို့သော် လျန်က ပွဲအနေအထားကို သိသိသာသာ ပြောင်းလဲနိုင်ခဲ့ပြီး တတိယပွဲတွင် ၎င်းက ယုံကြည်ချက်ရှိရှိဖြင့် တိုက်စစ်ဆင်ကစားခဲ့ရာတွင် အနိုင်ရရှိပြီးနောက် အားကြိုးမာန်တက် အောင်ပွဲခံခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၉ ရက်က တရုတ်အသင်းနှင့် ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် တစ်ဦးချင်းပွဲစဉ်၌ ပြင်သစ်အသင်းမှ ဖလာဗီယန် ကိုတွန်နှင့် တရုတ်အသင်းမှ ဝမ်ချူချင်းတို့ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်နေစဉ် (ဆင်ဟွာ)
လျန်က အလက်ဆစ်ကို တတိယပွဲတွင် ၁၅-၁၃ ဖြင့် ပွတ်ကာသီကာအနိုင်ရရှိခဲ့ပြီး စတုတ္ထပွဲတွင်လည်း ပြိုင်ဘက်၏ တစ်ဟုန်ထိုးဖိအားပေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ လျန်က ၁၀-၃ မှတ်ဖြင့် ဦးဆောင်ထားသော်လည်း အလက်ဆစ်က ၇ မှတ်ဆက်တိုက် ယူနိုင်ခဲ့သဖြင့် ၁၀ မှတ်စီ တူညီနေခဲ့ရာ လျန်က ပြန်လည်စုဖွဲ့ကာ အဆုံးအဖြတ်ပွဲ ယှဉ်ပြိုင်ခဲ့ရသည်။

ငါးပွဲမြောက်တွင် ပွဲ၏အရှိန်အဟုန်မှာ လုံးဝပြောင်းလဲသွားခဲ့ပြီး လျန်က ၉-၂ မှတ်ဖြင့် ပြတ်ပြတ်သားသား ဦးဆောင်ကာ ၁၁-၂ မှတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် ကွင်းထဲတွင် အကြီးအကျယ် အောင်ပွဲခံခဲ့သည်။နည်းပြချုပ်ဖြစ်သူ ဝမ်ဟောက်က ခေတ္တပွဲရပ်နားချိန်အတွင်း ထိမိတိုတောင်းသော စကားလုံးများဖြင့် ၎င်းအား အရှုံးမှ အနိုင်ရလဒ်ကို ပြန်လည်ဖော်ဆောင်နိုင်အောင် စေ့ဆော်ပေးခဲ့သည်ဟု လျန်က ပွဲအပြီးတွင် ဖွင့်ဟခဲ့သည်။
“မင်း ဒီပွဲမှာ တကယ်ရှုံးနေပြီ။ ပွဲပြန်စပြီဆိုတာနဲ့ ယောကျ်ားပီပီ အနိုင်မခံအရှုံးမပေးဘဲ တိုက်ပွဲဝင်ပါလို့ သူ ကျွန်တော့်ကိုပြောခဲ့တယ်” ဟု လျန်က ဆိုသည်။တရုတ်အသင်းက ၂-၁ ပွဲဖြင့် ဦးဆောင်ထားစဉ် နှစ်ဖက်အသင်း၏ ထိပ်တန်းကစားသမားနှစ်ဦးဖြစ်သည့် ဝမ်နှင့် ဖီးလစ်ဇ်တို့ ရင်ဆိုင်ကစားခဲ့သည်။ အဖွင့်ပွဲတွင် အပြန်အလှန်အမှတ်ယူကာ အကြိတ်အနယ်ရှိခဲ့သော်လည်း ဝမ်က အားပါသော တိုက်စစ်ကစားဟန်ဖြင့် ပွဲကို ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ခဲ့ပြီး လေးပွဲယှဉ်ပြိုင်ကစားရာတွင် အနိုင်ရရှိခဲ့သဖြင့် တရုတ်အသင်းက ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

လျန်က နောက်မှလိုက်ကစားကာ အနိုင်ပြန်ယူခဲ့ခြင်းမှာ တစ်သင်းလုံးကို စိတ်ဓာတ်မြှင့်တင်ပေးခဲ့သည်ဟု ဝမ်က ချီးကျူးခဲ့သည်။ “ဒီညမှာ လျန် လုပ်ပြသွားတဲ့အရာက ကျွန်တော့်ကို စိတ်လှုပ်ရှားစေတယ်။ သူ အဲဒီအနေအထားကနေ ပြန်လာနိုင်ခဲ့တာကို မြင်ရတော့ ကျွန်တော် ကွင်းထဲပြန်ရောက်တဲ့အချိန်မှာ ပိုပြီးယုံကြည်မှုရှိသွားခဲ့တယ်” ဟု ၎င်းက ဆိုသည်။တရုတ်အသင်းအနေဖြင့် တရုတ် (ထိုင်ပေ) အသင်းကို ၃ ပွဲပြတ် အနိုင်ရရှိထားသည့် ဂျပန်အသင်းနှင့် မေ ၁၀ ရက်တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)
…………………………………………………………
(English Version)
China edges France to reach men’s final at table tennis team worlds
LONDON, May 10 (Xinhua) — China defeated France 3-1 in a dramatic semifinal on Saturday to book its place in the men’s final of the 2026 ITTF World Team Table Tennis Championships Finals.
The tie swung on a stunning comeback by Liang Jingkun, who recovered from two games down to beat Alexis Lebrun.
World No. 1 Wang Chuqin gave China an early lead, surviving a fierce challenge from Flavien Coton. After narrowly taking the opening game 15-13, Wang dropped the next two before regaining control with composed attacking play to seal a five-game victory.
France quickly responded through Felix Lebrun, whose sharp counterattacking game proved too much for Lin Shidong. The French star closed out the match in straight games, 11-9, 11-9, 12-10, to level the tie.
In the third match, Alexis dominated the opening two games against Liang, only conceding four points in total.
But Liang dramatically turned the match on its head. From the third game, he began attacking with conviction, roaring after winners and stepping around the table with renewed aggression.
Liang edged out Alexis for the third game 15-13, and then held off the opponent’s charge in the fourth. After leading 10-3, Liang saw Alexis score seven straight points to tie the score at 10-10, only for the Chinese player to regroup and force a decider.
By the fifth game, momentum had completely shifted. Liang stormed ahead 9-2 and completed the comeback 11-2 before celebrating wildly on court.
Liang revealed that head coach Wang Hao had inspired the turnaround with blunt words during the interval.
“He told me, ‘You’ve already lost the match indeed. When you go back out there, fight like a man,'” Liang said.
With China leading 2-1, Wang returned to the table to face Felix in a clash between the teams’ top players. The opening exchanges remained tight, but Wang gradually took command with powerful attacking play and closed out the match in four games to secure China’s place in the final.
Wang credited Liang’s comeback which lifted the entire team. “What Liang showed tonight moved me,” he said. “Seeing him fight back from that position gave me even more belief when I went back onto the court.”
In Sunday’s final, China will face Japan, who swept Chinese Taipei 3-0.
English Caption 1
Liang Jingkun of China reacts in the singles match against Alexis Lebrun of France during the men’s team semifinal at the ITTF World Team Table Tennis Championships Finals in London, Britain, on May 9, 2026. (Xinhua/Li Ying)
English Caption 2
Wang Chuqin of China competes in the singles match against Flavien Coton of France during the men’s teams semifinal match between China and France at the ITTF World Team Table Tennis Championships Finals in London, Britain, on May 9, 2026. (Xinhua/Lian Yi)
English Caption 3
Wang Chuqin of China greets Flavien Coton of France in the singles match during the men’s teams semifinal match between China and France at the ITTF World Team Table Tennis Championships Finals in London, Britain, on May 9, 2026. (Xinhua/Li Ying)
