Connect with us

Africa & Middle East

တူရကီတွင် စိတ်ကျန်းမာရေး ချို့ယွင်းသူ လူငယ်ကြောင့် ရဲ ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

တူရကီနိုင်ငံရှိ ဘတ်စ်ကား ဂိတ် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

အန်ကာရာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်းတွင် ဇူလိုင်လ ၁၀ ရက် ညပိုင်းတွင် စိတ်ကျန်းမာရေး ချို့ယွင်းနေသော လူငယ် တစ်ဦး၏ ရန်ပြုမှုကြောင့် ရဲ ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒိုဂန် သတင်း အေဂျင်စီက ဇူလိုင်လ ၁၁ ရက်၌ သတင်း တင်ပြထားသည်။

ယင်း ပစ်ခတ်မှုသည် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ Sanliurfa မြို့ရှိ ဘတ်စ်ကား မှတ်တိုင် တစ်ခုတွင် ဖြစ်ပွား ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု မဟုတ်ကြောင်း Sanliurfa ပြည်နယ် အစိုးရ အုပ်ချုပ်ရေးမှူး Gungor Tuna ၏ ပြောကြားချက်အား ကိုးကား၍ ဒိုဂန် သတင်း၌ ဖော်ပြထားသည်။
အသက် ၁၇ နှစ်အရွယ် သေနတ်သမားသည် မိသားစုနှင့်အတူ ခရီးသွားနေခြင်း ဖြစ်ကာ ၎င်း၏ ဖခင် သေနတ်အား ယူကာ ပစ်ခတ်ခဲ့ခြင်းဟု Tuna က ပြောသည်။
ယင်း လူငယ်သည် ဘတ်စ်ကားတွင် ခရီးသည်များ၏ အထောက်အထား စာရွက်များအား စစ်ဆေးနေသည့် ရဲအရာရှိ ၃ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သလို နောက်ထပ် ရဲအဖွဲ့တစ်ခုအား မပစ်ခတ်မီ ထွက်ပြေးခဲ့သည်။ သေနတ်ပစ်ခံရသည့် ရဲ ၃ ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.