Videos
ရုပ်ကြွင်း ၁၄၅ ခုပါ ဖစ်လစ်စတိုင်းလူမျိုးစုများ၏ ဂူသင်္ချိုင်း အား ပထမဆုံးအကြိမ်တူးဖော်တွေ့ရှိ
အစ္စရေး၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံရှိ သုတေသီများသည် ဖစ်လစ်စတိုင်းလူမျိုးစုများ၏ ဂူသင်္ချိုင်းအား ပထမဆုံးအကြိမ်တူးဖော် ရရှိခဲ့ကြောင်းသိရသည်။
ရုပ်ကြွင်း ၁၄၅ ခု ကို အခန်းများစွာထဲမှ တူးဖော်တွေ့ရှိခဲ့ပြီး ရုပ်ကြွင်းများ၏ဘေးတွင် ရေမွှေးများ၊ အစားအသောက်များ၊ လက်ဝတ်ရတနာများနှင့် လက်နက်များစွာတို့ကို ထည့်သွင်းမြှုပ်နှံထားသည်ကို တွေ့ရှိကြောင်း စူးစမ်းလေ့လာရေးအဖွဲ့ခေါင်းဆောင်ကဆိုသည်။
အဆိုပါ ရုပ်ကြွင်းများမှာ ဘီစီ ၁၁ ရာစုမှ ၈ ရာစု ကြားရုပ်ကြွင်းများဖြစ်သည်။ဖစ်လစ်စတင်း လူမျိုးများသည် ရှေးခေတ် အစ္စရေးလူမျိုးများဖြစ်ကြပြီး ခရစ်ယန် ဘိုင်ဘယ် ၏အလိုအရ စစ်တိုက်ခြင်းကိုလိုလားသော လူမျိုးများဟုခေါ်ဝေါ်ကြပြီး ယခုခေတ်တွင် ယဉ်ကျေးမှု ပန်းချီ အနုပညာ ကိုမနှစ်သက် မခံစားတတ်သူများဟု သုံးနှုန်းကြသည်။ (Xinhua)