Connect with us

Videos

FIFA World Cup 2022 ပြိုင်ပွဲတွင်အသုံးပြုမည့်တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကိုစတင်ပို့ဆောင်

ကျန့်ကျိုး၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကာတာတွင်ကျင်းပမည့် FIFA World Cup 2022 ပြိုင်ပွဲတွင်အသုံးပြုမည့် လျှပ်စစ်ကား၇၄၁ စင်းကို တရုတ်နိုင်ငံမှ ရေကြောင်းဖြင့်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။Yutong လျှပ်စစ်ကားများကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန် ပြည်နယ် ကျန့်ကျိုးမြို့မှ ကာတာနိုင်ငံသို့ ပို့ဆောင်သည့်အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည်။
လျှပ်စစ် ဘတ်စ်ကားများကို နည်းပညာသစ်များဖြင့် အဆင့်မြှင့်တင်မှုများပြုလုပ်ထားသည်။

ကာတာနိုင်ငံသည် တရုတ်နိုင်ငံ၏ ထိပ်တန်း ဘတ်စ်ကားထုတ်လုပ်ရေး လုပ်ငန်း Yutong နှင့် 2022 ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲတွင်အသုံးပြုမည့် ဘတ်စ်ကားများထုတ်လုပ် ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

Yutong ကုမ္ပဏီက ပြိုင်ပွဲအတွက် မော်တော်ယာဉ်အစင်းရေ ၁,၀၀၂ စင်းကို ပို့ဆောင်မည်ဖြစ်ရာ လျှပ်စစ်မော်တော်ယာဉ်အစင်းရေပေါင်း ၇၄၁ စင်းပါဝင်ခဲ့ကြောင်းသိရသည်။
Yutong ကုမ္ပဏီက ကာတာနိုင်ငံကို သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေမည့် မော်တော်ယာဉ်များဖြင့်အစားထိုးအသုံးပြုနိုင်ရန် နှင့် ကာတာနိုင်ငံရဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း ကို နည်းပညာလွှဲပြောင်းမှုအဆင့်မြှင့်တင်ရန် အလို့ငှာ ကာတာနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ရေးဒေသ ၌ လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံတည်ဆောက် မည့် မူဘောင်သဘောတူညီမှုတစ်ခုကိုလက်မှတ် ရေးထိုးထားကြောင်းသိရသည်။ (Xinhua)

—————————————-
(English Version)

GLOBALink | Chinese-made electric vehicles depart for Qatar for FIFA World Cup 2022

ZHENGZHOU, Dec. 18 (Xinhua) — A total of 741 electric vehicles will be transported by sea from China to Qatar for the Qatar FIFA World Cup 2022.
The departure ceremony of Yutong electric vehicles to Qatar was held in Zhengzhou, central China’s Henan Province on Friday.
The electric vehicles have been upgraded with new technologies.
Qatar has struck a deal with China’s Yutong, one of the world’s leading bus makers, to manufacture buses for the Qatar FIFA World Cup 2022.
The company will provide 1,002 vehicles for the tournament, including 741 electric vehicles.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.