ပေကျင်း ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး နှင့် အခက်ခဲဆုံး ဆင်းရဲနွမ်းပါးမှု စစ်မြေပြင်ဖြစ်နေသည့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုစစ်တလင်းကို အနိုင်ယူရန် နှင့် တရုတ်လူမျိုးတို့၏ အတွေးအမြင်၊ ဖြေရှင်းချက်များနှင့်အတူ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို လျင်လျင်မြန်မြန်တိုးတက်မှုရအောင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဦးဆောင်ဦးရွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းသောင်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Coorperation Organization) ထိပ်သီးအစည်းအဝေး၏ မီဒီယာစင်တာကို ဇွန်လ ၆ ရက်မှစတင်ကာ ပြည်တွင်း ပြည်ပ သတင်းစာဆရာများအတွက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အစည်းအဝေးဖြစ်မြောက်ရေးစီစဉ်သူများက ဇွန်လ ၃ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အမေရိကန်က ဇွန်လ ၁ ရက်နေ့မှစ၍ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကစီကို နိုင်ငံများအား သံမဏိနှင့်အလူမီနီယံခွန်စည်းကြပ်မည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်း၏ဝေဖန်ပြောဆိုမှုများ ပေါ်ပေါက်လာသည်။ ဝါရှင်တန်၏ ဤလုပ်ရပ်မှာ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ပျက်စီးစေမည့်အန္တရာယ်များ ထပ်တိုးစေသောကြောင့် နိုင်ငံတကာက စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြသည်။

ကျဲ့ကျန်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်(Zhejiang) ၊ ဟန်ဇူးမြို့နယ်( Hangzhou) ၊ ဟုန်းချီကျေးရွာ (Hongqi) တွင် ဇွန်လ ၂ ရက်က ကောက်စိုက်ပြိုင်ပွဲ တစ်ခုကျင်းပခဲ့ကြောင်း သိရသည်။

ဘရပ်ဆဲလ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

အီးယူ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဇွန်လ ၁ ရက်နေ့ ၌ ဘရပ်ဆဲလ် မြို့တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

ကျူချွမ်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များအား သုတေသနပြုလုပ်ရေး နှင့် သဘာဝဘေးအန္တရာယ် စောင့်ကြည့်လေ့လာရေးတို့အတွက် အဓိကထားအသုံးပြုမည့် Gaofen-6 အမည်ရှိ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်လုံးအား မေ ၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

ရှီးကျားကျွမ်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

အစောပိုင်း ချင်မင်းဆက် (၁၆၄၄-၁၉၁၁) ခေတ်က ကျောက်ဆင်ရုပ်တုအား တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေးပြည်နယ်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ ကိုယ်စားလှယ် မာချောင်ရွှီ (Ma Chaoxu) က မေလ ၂၉ ရက်နေ့ တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ယူကရိန်း အရေး အစည်းအဝေး ၌ ယူကရိန်း အရေး နှင့် ပတ်သက်၍ ထိပ်တိုက် တိုက်ခိုက်မှု ဖြစ်ပွား နေသည့် သက်ဆိုင်ရာ အသီးသီး အနေဖြင့် အပစ်အခတ် ရပ်စဲ ပြီး Minsk သဘောတူညီချက် ကို ဘက်စုံ အကောင်အထည်ဖော် ဆောင်ရွက်ကာ နိုင်ငံရေး နည်းလမ်း ဖြင့် ယူကရိန်း အရေး အား ဖြေရှင်းသွားကြရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNOSSC) တို့အကြား ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မေလ ၂၉ ရက်က နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ဘိုလီးဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Fernando Huanacuni Mamani နှင့် ပေကျင်းမြို့၌ မေ ၂၉ ရက်တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။