Connect with us

Media

တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံသို့ အကူအညီ အထောက်အပံ့များဆက်လက်ပံ့ပိုးသွားမည်ဖြစ်

ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အစိုးရသည် သီရိလင်္ကာနိုင်ငံ၌ လက်ရှိ အခက်အခဲကြုံတွေ့နေမှုများအားဖြေရှင်းနိုင်ရန် အကူအညီအထောက်အပံ့များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်းက ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် သီရိလင်္ကာနိုင်ငံ၌ စီးပွားရေးအကြပ်အတည်း ကြုံတွေ့နေရသဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံ အရေးပေါ် ဘဏ္ဍာရေးအထောက်အပံ့ အကူအညီတောင်းခံထားပါကြောင်း ၊ သီရိလင်္ကာနိုင်ငံ ၏ လတ်တလော အကြပ်အတည်းများအား ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံက အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများပံ့ပိုးပေးရန်ဆုံးဖြတ်ခဲ့သည်ကိုလည်း မိမိတို့အနေဖြင့်သိရှိထားပါကြောင်း ထိုအကြောင်းနှင့်ပတ်သက်၍ ထပ်မံ ပြီးပြောကြားပေးစေလိုပါကြောင်း Dragon TV ၏ မေးမြန်းမှုအပေါ် ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက
“တရုတ်နိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတို့ဟာ ရှေးယခင်ကတည်း ချစ်ကြည်ရင်းနှီးလာခဲ့ကြတဲ့ အိမ်နီးချင်းကောင်း နိုင်ငံတွေဖြစ်ကြပါတယ်၊ အပြန်အလှန်နားလည်မှုတွေ၊ အပြန်အလှန်အထောက်အပံ့ပေးမှုတွေနဲ့အတူ အပြန်အလှန် ကူညီပံ့ပိုးရင်းနဲ့ မိမိတို့ဟာ နိုင်ငံအရွယ်အစားမတူညီသော်ငြား နှစ်နိုင်ငံအကြား ရင်းနှီးစွာအတူယှဉ်တွဲနေထိုင် ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေခဲ့တာပါ ၊ တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အမြဲ ထောက်ပံ့ပေးနေခဲ့တာဖြစ်ပါတယ်”
“လက်ရှိအချိန်မှာ သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးအကြပ်အတည်းတွေနဲ့ရင်ဆိုင်နေရတာပါ။ တရုတ်နိုင်ငံဘက်ကလည်း သီရိလင်္ကာနိုင်ငံအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုပေးသွားမယ်ဆိုတာကိုကြေညာခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့နဲ့ သီရိလင်္ကာနိုင်ငံသားတွေရဲ့လူမှုဘဝတွေတိုးတက်ကောင်းမွန်စေဖို့ လုပ်နိုင်သမျှအကောင်းဆုံးလုပ်ဆောင်ပြီး အကူအညီအထောက်အပံ့တွေကို ဆက်လက်ပံ့ပိုးပေးသွားမှာပါ။ သီရိလင်္ကာနိုင်ငံအစိုးရနဲ့ ပြည်သူတွေအနေနဲ့ ယာယီ အခက်အခဲတွေကိုသေချာပေါက်ကျော်လွှားနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်တဲ့အခြေအနေကိုရောက်ရှိလာမှာဖြစ်တယ်ဆိုတာ မိမိတို့အနေနဲ့ ယုံကြည်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)

………………………
(English Version)

GLOBALink | China to continue to provide support, assistance to Sri Lanka: FM spokesperson
The Chinese government will continue to provide support and assistance for Sri Lanka to help the country cope with the current difficulties, Foreign Ministry spokesperson Wang Wenbin said on Wednesday.

Produced by Xinhua Global Service
Dragon TV: Sri Lanka has requested emergency financial assistance from the International Monetary Fund (IMF) to stave off an economic crisis. We noticed that China has decided to provide emergency humanitarian assistance to help Sri Lanka cope with the current difficulties. Can you offer more information on that?
Wang Wenbin: China and Sri Lanka are close neighbors enjoying traditional friendship. With mutual understanding, mutual support and mutual assistance, we have set an example of friendly coexistence and mutually-beneficial cooperation between countries different in size. China has always supported Sri Lanka’s socioeconomic development.
At present, Sri Lanka is faced with economic difficulties. The Chinese side has announced that it will provide emergency humanitarian assistance to Sri Lanka. We will continue to offer support and assistance to the best of our capability to help Sri Lanka reinvigorate its economy and improve people’s livelihood. We believe that the Sri Lankan government and people can surely overcome the temporary difficulties and realize socioeconomic stability and development.