Connect with us

Media

ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် အိုလံပစ်ရေကူးအားကစားပြိုင်ပွဲအတွက် လူရွေးချယ်ပွဲ ပြုလုပ်

ရန်ကုန်၊ မေ‌ ၂၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် အိုလံပစ်ရေကူးအားကစားပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ရေကူးအားကစားသမား ရွေးချယ်ပြိုင်ပွဲအား ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက် ၊ နံနက်ပိုင်းက အမျိုးသားရေကူးကန် (ဦးဝိစာရ) တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လူရွေးချယ်ပွဲတွင် မီတာ ၅၀ အလွတ်ကူး၊ မီတာ ၅၀ ပက်လက်ကူး၊ မီတာ ၅၀ ရင်ဘောင်တန်းကူး၊ မီတာ ၅၀ လိပ်ပြာကူး စသည့်ပြိုင်ပွဲအမျိုးအစား ၄ မျိုးထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။ ယခု ပြိုင်ပွဲမှ ရွေးချယ်ခြင်းခံရသော ရေကူးအားကစားသမား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး တို့၏ စံချိန်များကို ကမ္ဘာ့ရေကူးအဖွဲ့ချုပ် (World Aquatics) သို့ ပေးပို့၍ ၎င်းတို့မှ ရွေးချယ်ပါက မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)