Connect with us

Videos

တရုတ်အားကစား တိုက်ရိုက်ထုတ်လွှင့်မှုရုပ်သံ မှရွေးချယ်မည့် တစ်နှစ်တာ အတိုးတက်ဆုံးနှင့်အကောင်းဆုံးဆု ပဏာမစာရင်းတွင် မြန်မာကစားသမား ပါဝင် (ရုပ်သံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၊ ရုပ်သံ/စုဝင့်

တရုတ် အားကစား တိုက်ရိုက်ထုတ်လွှင့်မှုရုပ်သံ က ရွေးချယ်မည့် Pool 8 Ball တစ်နှစ်တာ အတိုးတက်ဆုံးနှင့် အကောင်းဆုံးဆု ပဏာမ စာရင်းတွင် မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ ပါဝင်ကြောင်း သိရသည်။

ဘုန်းမြင့်ကျော် (ခ) အားတီသည် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံတွင် Pool 8 Ball ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များ၌ ၇ ကြိမ်ဖိုင်နယ်အထိရောက်ရှိခဲ့ပြီး ပထမဆု တစ်ကြိမ် ၊ ဒုတိယဆု ၆ ကြိမ်၊ တတိယဆု တစ်ကြိမ် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ဆုရွေးချယ်ရေးအဖွဲ့သည် အကောင်းဆုံးဆု ပဏာမစာရင်းတွင် ပါဝင်နေသူများကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး ယင်းဆုများကို ပရိသတ်၏ ဆန္ဒမဲဖြင့် ရွေးချယ်မည် ဖြစ်ကာ ဇန်နဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မဲပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.