Connect with us

Videos

ကမ္ဘာ့ပထမဆုံးကားပျံ ကို မကြာမီရောင်းချမည်

ဟန်ကျိုး၊စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု ဝစ်ကွန်ဆင် တွင် ကမ္ဘာ့ပထမဆုံး၂ယောက်စီး ကားပျံကို ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်မောင်းနှင်ခဲ့သည်။ ၎င်းမှာ hybrid ယာဉ်အမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံ ၏ အကြီးဆုံး ပုဂ္ဂလိက မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစုတစ်ခုဖြစ်သည့် Geely Auto Group ၏ အထောက်အပံ့ဖြင့် Terrafugia Inc. မှ တီထွင်ထုတ်လုပ်ခြင်းဖြစ်သည်။ အဆိုပါကားပျံ အတွင်း လူ ၂ ဦး လိုက်ပါစီးနင်းနိုင်ကာ လေထဲတွင်ပျံသန်းရန် ပြေးလမ်းလိုအပ်မည်ဖြစ်သည်။ မြေပြင်တွင်မောင်းနှင်ပြီးနောက် လေတွင်ပျံဝဲနိုင်ရန် အချိန်၁မိနစ်အတွင်း၌ mode ကို ပြောင်းလဲနိုင်မည့်စနစ်လည်းပါဝင်သည်။ ၎င်းကို လာမည့် အောက်တိုဘာလအတွင်း အမှာစာများကို လက်ခံသွားမည်ဖြစ်ပြီး ၂ဝ၁၉ ခုနှစ်တွင် ဈေးကွက်အတွင်းဖြန့်ဖြူး မည်ဟုသိရသည်။ ပထမအသုတ်ကို အမေရိကန်ပြည်ထောင်စုအတွင်းသာရောင်းချပေးမည်ဖြစ်ပြီး ဈေးနှုန်းကို သတ်မှတ်ခြင်းမရှိသေးကြောင်းသိရသည်။

Geely Auto Group မှ တာဝန်ရှိသူက ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ယခုကားပျံကို အများပြည်သူအသုံးပြုနိုင် မည့် ယာဉ်များ၏ နေရာတွင် အစားထိုးရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အစိုးရ လုပ်ငန်းများနှင့် အဖွဲ့အစည်းအချို့၏ ကိုယ်ပိုင်သုံး ယာဉ်ငယ်အဖြစ်သာ တွင်ကျယ်စွာအသုံးပြုကြမည် ဟုမျှော်လင့်ထားကြောင်းဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.