Connect with us

Videos

ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် အား စတင်အသုံးပြုခြင်း၁နှစ်ပြည့်ပြီဖြစ်

ကွေ့ရန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်တန်းဒေသတစ်ခုဖြစ်သည့် ကွေ့ကျိုးပြည်နယ် တွင် တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် စတင်အသုံးပြုခြင်း ၁ နှစ်ပြည့်အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ကကျင်းပခဲ့သည်။ အကျယ် ၅၀၀မီတာ ရှိသည့် တယ်လီစကုပ် (Five-hundred-meter Aperture Spherical Telescope FAST) အား အာကာသလေ့လာရေးနှင့် တခြားဂြိုလ်များမှ သက်ရှိများအကြောင်းကို စုံစမ်းထောက်လှမ်းရန်အတွက် ၂ဝ၁၆ ခုနှစ် က တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယင်း တယ်လီစကုပ်အားတည်ဆောက်ရန် တရုတ် နက္ခတ္တဗေဒပညာရှင်များက အဆိုတင်သွင်းခဲ့ပြီး ၁၇နှစ်အကြာ ၂၀၁၁ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်ယွမ် ၁.၂ဘီလီယံခန့် (အမေရိကန်ဒေါ်လာ သန်း၁၈၀) ကုန်ကျခဲ့ကြောင်း သိရသည်။ တယ်လီစကုပ်၏ အဓိက အစိတ်အပိုင်းဖြစ်သော ဘောလုံးကွင်း ၃၀ခုစာအကျယ်အဝန်းရှိသည့် ရောင်ပြန်ပြား ၄,၄၅၀ ခု အား တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၆ခုနှစ် ဇူလိုင်လအစောပိုင်းတွင် ပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.