Connect with us

Videos

တရုတ်နိုင်ငံတွင် COVID-19 တစ်ကျော့ပြန်ဖြစ်ပွားမှုအတွင်း လူနာများ လက်ခံကုသရန် ယာယီဆေးရုံ စတင်ဖွင့်လှစ်

ချန်းချွမ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်၌ COVID-19 ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာမှုကို တိုက်ဖျက်ရန် ယာယီဆေးရုံများနှင့် ယာယီ ကွာရန်တင်းထားရှိမည့်အဆောက်အအုံများအား အားထုတ်ဆောင်ရွက်လျက်ရှိသည်။

ကျီလင်ပြည်နယ်၌ မတ် ၁၆ ရက်တွင် COVID-19 ဒေသတွင်းကူးစက်မှု ၇၄၂ ဦးအထိ ရှိလာခဲ့ပြီး ၄၁၅ ဦးမှာ လက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်ထားသူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မတ် ၁၅ ရက် ညနေပိုင်းတွင် ချန်းချွမ်မြို့တွင် ကွန်ဗင်းရှင်းစင်တာအဆောက်အဦအား ကုတင် ၁၅၀၀ ဆံ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲ အသုံးပြုခဲ့သည်။

ဒေသန္တရဆေးရုံတာဝန်ခံဖြစ်သူ Chen Mingqiang က “ ကျွန်တော်တို့ လူနာတွေအတွက် မျက်နှာသစ်ဖို့ သွားတိုက်ဖို့ စသဖြင့် သန့်စင်ခန်းတွေအပါအဝင် လိုအပ်သမျှအကုန်လုံးကိုဖြည့်ဆည်းပေးပါတယ် ၊ ယာယီဆေးရုံမှာလည်း ဆေးဝါးပစ္စည်းအမျိုးအစားအားလုံးကိုဖြည့်တင်းထားပါတယ်၊ အရေးပေါ်ကယ်ဆယ်ရေးကနေ ကုသမှုတွေ၊ ရောဂါစစ်ဆေးမှုတွေအထိ ယာယီဆေးရုံက နိုင်ငံရဲ့ လိုအပ်ချက်စံချိန်စံညွှန်းတွေ ပြည့်မီအောင်စီစဉ်ထားပါတယ်” ဟုဆိုသည်။

ကျီလင်ပြည်နယ်၌ မတ် ၁၆ ရက်အထိ ကုတင် စုစုပေါင်း၁၁,၅၀၀ နီးပါးရှိသော ယာယီဆေးရုံပေါင်း ၈ ရုံ တည်ဆောက်ထားရှိခဲ့ပြီးဖြစ်သည်။
ဆင်ဟွာသတင်းထောက်များက တရုတ်နိုင်ငံ ချန်းချွမ်မှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)

…………………………..
(English Version)
GLOBALink | Makeshift hospital in NE China starts to receive patients amid COVID-19 resurgence
CHANGCHUN, March 17 (Xinhua) — Northeast China’s Jilin Province is stepping up efforts building makeshift hospitals and temporary quarantine facilities to combat the latest resurgence of COVID-19.
The province reported 742 confirmed locally transmitted COVID-19 cases and 415 local asymptomatic carriers Wednesday.
On Tuesday evening, a convention center-turned makeshift hospital with 1,500 beds was put into use in the capital city of Changchun.

SOUNDBITE (Chinese): CHEN MINGQIANG, Local hospital official
“We provide everything the patients need, including bathrooms in which they could wash faces and brush teeth. The makeshift hospital is also equipped with all kinds of medical facilities. From emergency rescue to treatment and diagnosis, the makeshift hospital could meet national standards.”
As of Wednesday, eight makeshift hospitals, with nearly 11,500 beds, had been built in Jilin.
Xinhua News Agency correspondents reporting from Changchun, China.
(XHTV)
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.