Connect with us

Videos

တရုတ်နိုင်ငံ မှ ကမကထ ပြုသည့် ခေတ်သစ် ပိုးလမ်းမကြီး သည် ဒေသတွင်း နိုင်ငံများ ကိုပါ အကျိုး ဖြစ်ထွန်းကြောင်း နိုင်ငံတော်သမ္မတ ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင် ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မှ ကမကထ ပြုသည့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း သည် တရုတ်နိုင်ငံ သာမက မြန်မာနိုင်ငံ နှင့် ဒေသတွင်း နိုင်ငံံများကိုပါ အကျိုးဖြစ်ထွန်းစေမည့် လွန်စွာအရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ဆင်ဟွာကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေး အရ ဒုတိယအင်အားအကြီးဆုံး နိုင်ငံံဖြစ်ပြီး ယခုနှစ်တွင် စတော့ ဈေးကွက်များ ကျဆင်းသော်လည်း တရုတ်နိုင်ငံ အနေဖြင့် အဆိုပါကိစ္စရပ်ကို ကျော်လွှားနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် အကြီးမားဆုံးသော စီးပွားရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံံ၏ ရင်းနှီးမြှုပ်နှံမှု ကလည်း ထိပ်ဆုံးတွင် ရှိကြောင်း ဦးကိုကိုလှိုင်ကပြောသည်။
(Sound Bite)
တရုတ်နိုင်ငံ ၏ ရပ်တည်ချက်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် မူကြီး ၅ ချက် နှင့် အညီ အိမ်နီးချင်းကောင်း အဖြစ် ရပ်တည်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ရှိကြောင်း၊ မြန်မာ့ ငြိမ်းချမ်းရေး ကို မြန်မြန်ရစေချင် ၍ အထူးသံတမန် နှင့်ပင် လာရောက် ကူညီပေးနေသည့် အနေအထားမျိုး ရှိကြောင်း၊ လက်ရှိတွင် လက်မှတ်မထိုးဘဲ ရှိနေသည့် အဖွဲ့များသည် တရုတ်နိုင်ငံ နယ်စပ် ၌ ရှိနေသည့်အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရေးသည် တရုတ်နိုင်ငံ အတွက် အရမ်းကို အရေးကြီးကြောင်း ၎င်းကဆိုသည်။
(Sound Bite) (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.