Connect with us

Videos

တရုတ်နိုင်ငံ ဟူပေ ရှင်းနုံကျား ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

ဟူပေ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ရှင်းနုံကျား ဒေသကို ယူနက်စကို မှ သဘာဝအမွေအနှစ်တစ်ခုအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်ခဲ့ရာ တရုတ်နိုင်ငံအတွင် ကမ္ဘာ့အမွေအနှစ် သတ်မှတ်ခံရသည့်နေရာပေါင်း ၅ဝရှိပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် တည်ရှိသည့် ရှင်းနုံကျားဒေသတွင် သဘာဝ တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်မျိုးကွဲများစုံလင်စွာ တည်ရှိသည်။

တရုတ်နိုင်ငံ ရှိ နေရာပေါင်း ၂၁ နေရာကို ကမ္ဘာ့အမွေအနှစ် နေရာများအဖြစ် ယခုနှစ်အတွင်းတူရကီနိုင်ငံ အစ္စတန်ဘူတွင် ကျင်းပခဲ့သည့် ကမ္ဘာ့အမွေအနှစ်များထိန်းသိမ်းရေးကော်မတီတွင် သတ်မှတ်ပေးခဲ့သည်။

ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၆၅ နိုင်ငံ မှ နေရာပေါင်း ၁ဝ၅၂ နေရာကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.