Connect with us

Videos

လူကိုးယောက်တင်ဆောင်ထားသည့် မီနီဗင်ကိုလည်ပင်းဖြင့် ဆွဲပြသည့်စတန့်အပါအဝင် စတန့်ဆန်းများထွင်သူ

တိုင်အန်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အသက် ၄၅ နှစ်ရှိပြီဖြစ်သည့် ရှီချင်းယွမ် ဆိုသူသည် တရုတ်နိုင်ငံ အရှေ့ပိုင်းရှန်ကျုံးပြည်နယ် တိုင်အန်းမြို့တွင် သတ္တုမိုင်းအလုပ်သမားတစ်ဦးအဖြစ်အသက်မွေးသူဖြစ်သည်။ ၎င်းကိုလူသန်တစ်ယောက်အဖြစ် လူသိများကြသည်။ သူသည် စတန့်အကွက်ပေါင်းများစွာကို ပြသနိုင်သူလည်းဖြစ်သည်။

သူ၏ လည်ပင်းရှိ ကျောရိုးများနှင့် တကိုယ်လုံးရှိ အရိုးအကြောများသန်မာစေရန် နှစ်ပေါင်း ၂ဝ ကျော်ကြာ အောင် လေ့ကျင့်ထားခဲ့ရသည်ဟုဆိုသည်။ လူကိုးယောက် ကိုတင်ဆောင်ထားသည့် မီနီဗင်ကိုလည်ပင်းဖြင့် ဆွဲပြရုံမက အလေးချိန် ကီလို ၃ဝဝကျော် သံဖိနပ်ကိုစီးပြီး လမ်းလျှောက်ခဲ့သူလည်းဖြစ်သည်။ ဆိုင်ကယ်ကို နောက်ပြန်ထိုင်စီးကာ ကီလိုမီတာ ၁ဝဝ ခန့်အထိ စီးနင်းစတန့်ပြသခဲ့သည့်အပြင် ၂၆ ကီလိုဂရမ် အလေးချိန်ရှိ သည့် စတီးချောင်းကိုလည်း လက်တစ်ဖက်တည်းဖြင့် သယ်ဆောင်ပြနိုင်ခဲ့သူစတန့်သမားတစ်ဦးလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.