Connect with us

Videos

ဗီယက်နမ်နိုင်ငံတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးတွေ့ရှိ

ဟနွိုင်း ၊ ဧပြီ ၆ ရက် ( ဆင်ဟွာ )
ဗီယက်နမ် နိုင်ငံတောင်ပိုင်း Khanh Hoa ပြည်နယ် နှင့် ဟိုချီမင်းမြို့တော် များတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ တစ်ဦးစီ အသီးသီးတွေ့ရှိရကြောင်း ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာန ၂ဝ၁၆ ခုနှစ် ဧပြီလ ၅ ရက်တွင် သတင်း ထုတ်ပြန်သည်။

ပထမဦးဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူမှာ Khanh Hoa ပြည်နယ် Nha Trang မြို့မှ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဖြစ်ကြောင်း VNExpress အွန်လိုင်း သတင်းစာ မျက်နှာတွင် ရေးသား ဖော်ပြထားသည်။ အဆိုပါ အမျိုးသမီးကြီးသည် ၂ဝ၁၆ ခုနှစ် မတ်လ ၂၆ ရက်တွင် အဖျားရောဂါ စတင် ခံစားခဲ့ရပြီး ဆေးစစ်ချက် အရ မတ်လ ၃၁ ရက်တွင် ၎င်းတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက် ခံထားရကြောင်း အတည်ပြု နိုင်ခဲ့သည်။

ထို့အတူ ဗီယက်နမ် နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တော်တွင် အသက် ၃၃ နှစ်အရွယ်ရှိ နောက်ထပ် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ အမျိုးသမီး တစ်ဦး ကို ထပ်မံတွေ့ရှိထားသည်ဟု ဆိုသည်။ ၎င်းအမျိုးသမီးသည် ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်တွင် အဖျားရောဂါ စတင်ခံစားရပြီး မျက်လုံးများ ယောင်ယမ်းခြင်း နှင့် မောပန်း နွမ်းနယ်ခြင်း လက္ခဏာရပ်များကို အလားတူ ခံစားခဲ့ရကြောင်း သိရသည်။ ထိုနေ့မှာပင် လူနာကို ခရိုင် အထွေထွေ ရောဂါကု ဆေးရုံသို့ပို့ဆောင်၍ ဆေးကုမှု ခံယူစေခဲ့ကြောင်း နှင့် ဆေးစစ်မှုများ အရ ၎င်းအမျိုးသမီးငယ်သည် လည်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ သည်မှာ သေချာကြောင်း အတည်ပြုနိုင်ခဲ့သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.