Connect with us

Videos

မြန်နှုန်းမြင့်ရထားလမ်း ဧရာမ လမ်းဆက်ပိုင်းနှစ်ခု အပြန်အလှန်ချိတ်ဆက်

ဟေပေ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟေပေပြည်နယ်တွင် မြန်နှုန်းမြင့်ရထားလမ်း၏ ဧရာမ လမ်းဆက်ပိုင်းနှစ်ခုကို အပြန်အလှန်ချိတ်ဆက် ခဲ့သည်။ ဧရာမ လမ်းဆက်ပိုင်း တစ်ပိုင်းဆီ သည် အလေးချိန်အားဖြင့် ၅၆၁၃ တန်စီ်ရှိကြပြီး လမ်းဆက်ပိုင်း ၂ ခု အချင်းချင်း ၃၁ ဒီဂရီ လှည့်ပတ်ကာချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ ကမ္ဘာ့အမြန်ဆုံးမြန်နှုန်းမြင့် ကျည်ဆန်ရထား ပြေးဆွဲရန်အတွက် ဖောက်လုပ်သည့်ရထားလမ်းဖြစ်ပြီး ၎င်းကျည်ဆန်ရထားမှာ အလွန်အေးသောဒေသနှင့် သဲထူထပ်သောဒေသများတွင် တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်း အထိ မောင်းနှင်သွားလာမည်ဖြစ်သည်။ အဆိုပါရထားလမ်းစီမံကိန်းသည် ၂ဝ၂၂ ခုနှစ်၌ တရုတ်နိုင်ငံတွင် လက်ခံကျင်းပမည့် အိုလံပစ်နှင့် ဆောင်းရာသီ မသန်စွမ်းအားကစားပြိုင်ပွဲများ အမီဖောက်လုပ်ခြင်းဖြစ်သည်။ အရှည်အားဖြင့် ၃၅ဝ၃ ကီလိုမီတာရှိသည့် အဆိုပါရထားလမ်း သည် ၂ဝ၁၉ ခုနှစ်ကုန်ပိုင်းလောက်တွင် ဖောက်လုပ်ပြီးစီးမည်ဟုသိရသည်။ ထိုရထားလမ်းပိုင်းနှစ်ခု တို့ ချိတ်ဆက်သည့်အတွက် အောက်တွင် ဖြတ်သန်းသွားလာသော ရထားများနှင့် ထိခိုက်မိခြင်းများကိုရှောင်ရှားရန် အချိန်အတိုင်းအတာ တစ်ခုသတ်မှတ်ကာစီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.