Connect with us

Videos

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော်ယာယီဆက်သွယ်ရေးရုံး ဖွင့်လှစ်

နေပြည်တော်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နေပြည်တော် ယာယီဆက်သွယ်ရေးရုံးကို ယနေ့ စက်တင်ဘာ ၈ ရက်နေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါ တရုတ်သံရုံး နေပြည်တော်ယာယီ ဆက်သွယ်ရေးရုံးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr Hong Liang၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်တင်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် တရုတ်သံရုံးမှသံမှူး Ms Li Xiaoyanတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် နေပြည်တော် တရုတ်သံရုံး ယာယီ ဆက်ဆံရေးရုံးကို ဖွင့်လှစ်ခြင်းအားဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးကို ပိုပြီး မှီတင်းကာ နှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်သည့် အနာဂတ်ရှိလာနိုင်ကြောင်း အပြည့်အဝယုံကြည်ကြောင်း သံအမတ်ကြီးက ဆိုသည်။

ဒုတိယ ဝန်ကြီး ဦးကျော်တင်က ယင်းဆက်သွယ်ရေးရုံးဖွင့်လှစ်နိုင်ခြင်းမှ တစ်ဆင့် နေပြည်တော်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးကို အမြန်ဆုံးဆောက်လုပ်ပြီး သံအမတ်ကြီးနှင့် ဝန်ထမ်းများ အားလုံးပြောင်းရွှေ့လာနိုင်လိမ်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ တရုတ်သံရုံးသည်နေပြည်တော်တွင် ယာယီဆက်သွယ်ရေးရုံးခန်းဖွင်လှစ်ရန် ပထမဆုံးအဆိုပြုခဲ့သော မြန်မာနိုင်ငံအခြေစိုက်သံတမန်အဖွဲ့အစည်းဖြစ်ပြီး တရုတ်ဘက်မှ တရုတ်-မြန်မာဆက်ဆံရေးအပေါ် များစွာအလေးထားခြင်းကိုအပြည့်အဝပေါ်လွင်နေကြောင်း၊ မြန်မာဘက်မှ Vienna Convention on Diplomatic Relationsနှင့်အညီ တရုတ်ဘက်၏ ရုံးခန်းအတွက် သံတမန်ဆိုင်ရာ အထူးအာဏာနှင့် ကင်းလွတ်ခွင့်များ ပေးအပ်ခဲ့ကြောင်းသံအမတ်ကြီးက အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.