Connect with us

Videos

ယာဉ်ကြောပိတ်ဆို့မှုကိုဖြေလျှော့ရန် သက်တမ်း နှစ်ပေါင်း ၁ဝဝ အထိ ခံနိုင်ဝန်ရှိစေမည့်တံတားသစ်ကြီးဖွင့်

ကွမ်တုံ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် Nan sha ဟုအမည်ရသည့် ပုလဲမြစ်ကူးတံတားကြီးတစ်စင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ တံတားကြီးမှာ Guangzhou မြို့ နှင့် Dongguan မြို့ တို့ကို ချိတ်ဆက်ထားပြီး စုစုပေါင်း ၁၂. ၈၉ ကီလိုမီတာအရှည်ရှိသည်။ အဆိုပါတံတားပေါ်တွင် တစ်နာရီလျှင် ၁ဝဝ ကီလိုမီတာအထိမောင်းနှင်နိုင်မည်ဖြစ်ပြီး တံတား၏ သက်တမ်းမှာ နှစ်ပေါင်း ၁ဝဝ အထိ ခံနိုင်ဝန်ရှိစေရန် ရည်ရွယ်ဆောက်လုပ်ထားကြောင်းသိရသည်။ တံတား၏ ပင်မ တိုင်နှစ်တိုင်အကြားအကွာအဝေးမှာ ၁၆၈၈ မီတာရှိပြီး သံမဏိသံဘောင် ကြိုးတံတား အမျိုးအစားထဲတွင် ကမ္ဘာ့အရှည်ဆုံး ပင်မတံတားဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည့် တံတားဖြစ်သည်။ Humen Second Bridge ဟု လူသိများသည့် အဆိုပါတံတားကို ၂ဝ၁၃ ခုနှစ်နှောင်းပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုကိုဖြေလျှော့နိုင်ရန် ရည်ရွယ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.