Connect with us

Videos

လေထဲတွင်ပျံသန်းယှဉ်ပြိုင်ရသည့်ပွဲ

ဟူနန်၊ စက်တင်ဘာ ၂ဝရက်(ဆင်ဟွာ)

လေထီးဝတ်ရုံဝတ်ဆင်ကာအမြင့်တွင်ပျံသန်းကာပြိုင်ပွဲဝင်ရသည့် ၇ ကြိမ်မြောက် World Wingsuit Championship ကို တရုတ်နိုင်ငံ အလယ်ပိုင်း ကျန်းကျားကျဲရှိ ထျန့်အန်းမင်တောင်ထိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုပြိုင်ပွဲတွင် အမြင့်မီတာ ၁၄ဝဝ မှ ခုန်ချယှဉ်ပြိုင်ရခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၉ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်သူ ၁၄ ဦးရှိခဲ့သည်။ လေထဲတွင် အရှိန်အားဖြင့် ၁နာရီလျင် ၂ဝဝ ကီလိုမီတာနှုန်းဖြင့်ပျံသန်းရင်း သတ်မှတ်ထားသည့်ပစ်မှတ်ကို ထိအောင် ပျံသန်းရခြင်းဖြစ်သည်။ ထိုပြိုင်ပွဲတွင် တရုတ်နိုင်ငံက အမြင့်ခုန်ကစားသမား Zhang Shupeng က တတိယနေရာ ရယူနိုင်ခဲ့သည်။ အမြင့်တွင်ပျံသန်းခြင်းကစားနည်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ကစားနည်းတစ်ခုဖြစ်သော်လည်း အလွန်အန္တရာယ်များသည်။ အမြင့်ခုန်ခြင်း အကြိမ်ရေပေါင်း ရာ နှင့်ချီကာ ပြုလုပ်ခဲ့ပြီး ကောင်းမွန်စွာလေ့ကျင့်သင်ကြားထားသူမှ ပြုလုပ်နိုင်သည့်ကစားနည်းတစ်မျိုးလည်းဖြစ်ပြီး ဝါသနာရှင်များအနေဖြင့်လိုက်လံတုပ ဆောင်ရွက်ခြင်းမပြုလုပ်ရန်အထူးသတိပေးထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.