Connect with us

Videos

အမေရိကန် လွှတ်တော် အမတ် သေနတ်ပစ်ခံရပြီး ဒဏ်ရာရ

ဝါရှင်တန် ၊ ဇွန် ၁၅ ရက် ( ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အနီး Alexandria ဘေ့စ်ဘောကွင်း ၌ ဇွန်လ ၁၄ရက်တွင် သေနတ်သမားတစ်ဦး ၏ တိုက်ခိုက်မှုကြောင့် ရီပတ်ဘလစ်ကန်အမတ်များအပေါ်သြဇာရှိသည့် စည်းကမ်းထိန်းခေါင်းဆောင် အောက်လွှတ်တော်အမတ် Steve Scalise အပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာ ရ ရှိသွားခဲ့သည်။

Alexandria ဘေ့စ်ဘောကွင်းအကြီးအကဲ Michael Brown ပြောကြားချက်အရ အခင်းဖြစ်နေရာမှ လူ ၅ ဦးကို ဆေးရုံတင်ပို့ထားကြောင်း နှင့် လွှတ်တော်အမတ် Scalise ရဲ့ အခြေအနေမှာ တည်ငြိမ်စွာရှိနေကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင်ရှိနေခဲ့သောအထက်လွှတ်တော်အမတ် ရင်းပေါလ် ကအမေရိကန်ရုပ်မြင်သံကြားကွန်ရက်ဖြစ်သော MSNBC နှင့်တွေ့ဆုံရာတွင်သေနတ်သမားသည် AR-15 သေနတ်အမျိုးအစားကိုထပ်မံကျည်ထိုးခဲ့သည်ဟု ယုံကြည်ကြောင်းပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.