Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် ဝင်ရိုးစွန်းလေ့လာရေးရေခဲခွဲသင်္ဘော

ရှန်ဟိုင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Rainbowfish Ocean Technology နှင့် Dutch shipyard Damen Group တို့ပူးပေါင်းကာ ပထမဆုံးပြည်တွင်းဖြစ် ဝင်ရိုးစွန်းလေ့လာရေးရေခဲခွဲသင်္ဘော “Hadal X” ကို တည်ဆောက်သွားမည် ဟုသိရသည်။ ၂ဝ၁၈ ခုနှစ်တွင် စတင်တည်ဆောက်မည့် အဆိုပါသင်္ဘောကို ၂ဝ၂၁ ခုနှစ်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ သင်္ဘောမှာ ၉၅ မီတာရှည်ပြီး အကျယ် ၁၇ မီတာရှိကာ တန်ချိန် ၅ထောင်ကို တင်ဆောင်နိုင် မည်ဖြစ်သည်။ သင်္ဘောဝန်ထမ်းပေါင်း ၇၅ ဦးခန့်ထားဆောင်ရွက်မည့် အဆိုပါသင်္ဘောသည် ရေမိုင်ပေါင်း ၁၅ဝဝဝ ကီလိုမီတာ ခန့် မောင်းနှင်သွားလာနိုင်မည်ဖြစ်ကာ ဟယ်လီကော်ပတာတစ်စီးနှင့် ရေငုပ်သင်္ဘောများကိုလည်း တင်ဆောင်သွားနိုင်မည်ဟုသိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၌အသုံးပြုနေသော “Xuelong” သင်္ဘောသည် ယူကရိန်းကုမ္ပဏီမှ ၁၉၉၃ ခုနှစ်တွင် ဝယ်ယူထားခြင်းဖြစ်ပြီး တရုတ်အစိုးရအနေဖြင့် ပြည်တွင်းဖြစ် ဝင်ရိုးစွန်းလေ့လာရေးရေခဲခွဲသင်္ဘော တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၆ ခုနှစ်တွင်စတင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.