Connect with us

Videos

Astana Expo 2017 ဖွင့်ပွဲမြင်ကွင်း

အက်စ်တာနာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ အက်စ်တာနာတွင် ဇွန်လ ၁ဝ ရက်နေ့က ကျင်းပသည့် Astana Expo 2017တွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။ အဆိုပါပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာကြီးပေါ်တွင် လူသားများ စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးလျှော့ချပစ်နိုင်ရန်ဟုဆိုသည်။ နိုင်ငံပေါင်း ၁၁၅ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့တို့ပါဝင် ဆင်နွှဲမည့် အဆိုပါ Astana Expo 2017 ကို ဇွန်လ ၁ဝ ရက်နေ့မှ စက်တင်ဘာလ ၁ဝ ရက်နေ့အထိ ၃ လကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဥရောပ၊ တူရကီနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ခရီးသွားဧည့်သည်များအပါအဝင် ပြပွဲသို့ လာရောက်လည်ပတ်သူပေါင်း ၂ သန်း နီးပါး ရှိမည်ဟု သိရသည်။ ကြီးကျယ်ခမ်းနားသည့် Astana Expo 2017 ဖွင့်ပွဲ ပုံရိပ်များကို အောက်ပါ video ထဲတွင် ရှုစားနိုင်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.