Connect with us

Videos

ပိုးလမ်းမကြီးစတင်ရာဒေသ

ချန်အန်း၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၁ဝဝ ကျော်ကဟန်မင်းဆက်၏ သံတမန်တစ်ဦးဖြစ်သည့် ကျန်းချန်ဆိုသူက သမိုင်းတွင်မည့် ခရီးစဉ်တစ်ခုကို စတင်ခဲ့သည်။၎င်းက ယခုနေရာကနေ အနောက်တိုင်းသို့ ခရီးစဉ်စတင်ခဲ့သည်။ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ မှ ကမ္ဘာကြီးနဲ့ ချိတ်ဆက် ဆက်သွယ်ခြင်းဖြစ်သည်။ နောက်ထပ် နှစ် ၁၃ဝဝ ကျော်အကြာ တွင် ထိုနေရာသည် ပိုးလမ်းမကြီးကုန်သွယ်ရေးလမ်းကြောင်းစတင်သည့် နေရာဖြစ်လာသည်။တန်မင်းဆက်လက်ထက်တွင် ချန်အန်မြို့သည် သက်ဝင်လှုပ်ရှားလာသည်။ ထိုနေရာ မှ ကုန်စည်များ ကို ရောမ၊ ကိုရီးယား စသည့် နိုင်ငံ များထိ ရောက်အောင် ဖောက်ကားရောင်းဝယ်ခဲ့သည်။ ထိုမြို့သည် ကမ္ဘာပေါ်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှု အဖွံ့ဖြိုးဆုံး ဗဟိုချက်ဖြစ်လာခဲ့သည်။ နှစ်ထောင်ပေါင်းများစွာအကြာ တွင်ထိုရှေးဟောင်းမြို့တော် သည် လွတ်လပ်သောကုန်သွယ်မှု ဇုန်အဖြစ် ကုန်သွယ်ရေးပုံစံသစ်တစ်ခုကို စတင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုနှင့် ကုန်စည် သိုလှောင်ရာ ဌာနေ အပြင် ဥရောပဒေသနှင့် တရုတ်ပြည်တို့ကို ချိတ်ဆက်သည့် ရထားလမ်း ၄ ခု ကိုလည်းဖော်ဆောင်ခဲ့သည်။ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုကျေးဇူးကြောင့် ချန်အန်းသည် ကမ္ဘာကြီးကို အခွင့်အလမ်းများစွာနှင့် ထပ်မံ မိတ်ဆက်ခဲ့ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.