Connect with us

Videos

Invest Myanmar Summit 2019 ကျင်းပမည်

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများအား ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အခွင့်အလမ်းများ ရှာဖွေ တွေ့ရှိနိုင်စေရန် ရည်ရွယ်ပြီး Invest Myanmar Summit 2019 အား နေပြည်တော်၌ ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၈ ရက်မှ စတင်ကာ ၂ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“Invest Myanmar Summit 2019 ၏ ခြားနားချက်မှာ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ ၊ ပြည်နယ် နှင့် တိုင်းဒေသဆိုင်ရာ အစိုးရ အဖွဲ့ဝင်များ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်း ကဏ္ဍ အသီးသီးမှ တက်ကြွစွာ ပူးပေါင်း ပါဝင်မှု ရှိခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်း အသိုင်းအဝိုင်းသို့စည်းလုံးမှု တစ်ခု အဖြစ် တင်ပြ ပေးရန် အစိုးရ နှင့် မြန်မာ ပုဂ္ဂလိက ကဏ္ဍများ အကြား ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း UMFCCI ၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

Summit ၏ ဥက္ကဋ္ဌ ဦးဝေဖြိုးက ထိုပွဲတွင် ရင်းနှီးမြှုပ်နှံသူများ နှင့် စီးပွားရေး လုပ်ငန်း ပိုင်ရှင်များ စီးပွားရေး လုပ်ငန်း ဆိုင်ရာ တွေ့ဆုံမှုများကို လွယ်ကူ ချောမွေ့စွာ တွေ့ဆုံ ဆွေးနွေးပြီး အလုပ်အကိုင်များ အောင်မြင် ဖြစ်မြောက်သွားသော အနေအထားမျိုး ဖြစ်နိုင်ရန် ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Invest Myanmar Summit 2019 တွင် ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံသူများ ၊ စီးပွားရေး သမားများ ၊ အစိုးရ အရာရှိများနှင့် သက်ဆိုင်ရာ ဒေသများမှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်ပြီး စုစုပေါင်းပါဝင် တက်ရောက်မည့်သူ ဦးရေ ၈၀၀ ခန့် အထိ ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အခွင့်အလမ်းများကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ပိုမို သိရှိ နားလည် လာစေရန် ရည်ရွယ်၍ အစိုးရ နှင့် မြန်မာ့ ပုဂ္ဂလိက ကဏ္ဍတို့ပူးပေါင်း ဆောင်ရွက်ပြီး Summit အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Invest Myanmar Summit 2019 တွင် နိုင်ငံ၏ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ သာမက ပြည်သူ့ရင်းနှီးမှု ဆိုင်ရာ စီမံကိန်းဘဏ်(Project Bank) နှင့် သက်ဆိုင်သော အကြောင်းအရာများအား ဆွေးနွေးသွားမည် ဖြစ်ပြီး ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း နှင့် အခွင့်အလမ်းများကိုလည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.