Connect with us

Videos

မြန်မာနိုင်ငံတောင်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးကာ အဆောက်အအုံများ ပျက်စီး

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တောင်ပိုင်းတွင် ဇွန် ၇ ရက်က လှုပ်ခတ်ခဲ့သောအင်အား ၄.၈ အဆင့်ရှိ ငလျင်ကြောင့် လူနှစ်ဦး သေဆုံးပြီး အဆောက်အဦ အများအပြား ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့မှ ပြောကြားခဲ့သည်။ မအူပင်မြို့အပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့အများအပြားတွင် ငလျင်လှုပ်ခတ်မှု ကို ခံစားခဲ့ရကြောင်း သိရသည်။မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက “ဒီငလျင်လှုပ်ရတာက ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ပြတ်ရွေ့အငယ်လေးတွေ လှုပ်ရှားမှုကြောင့်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးတို့ ရန်ကုန်တိုင်းဒေသကြီးတို့က အနက်တိမ်ပြီး မြေပျော့တဲ့အတွက် ငလျင်လှုပ်တာကို လူတွေခံစားမိကြတာဖြစ်ပါတယ်”လို့ ဆင်ဟွာသို့
ပြောသည်။ (Xinhua)