Connect with us

Latin America

ဘရာဇီးနိုင်ငံ ခရီးသည်တင်လေယာဉ်ပျက်ကျမှုတွင် လေယာဉ်ပေါ် လိုက်ပါလာသူ ၆၁ ဦးစလုံး သေဆုံး၊ Black Box ရှာဖွေတွေ့ရှိ

ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုပြည်နယ် Vinhedo မြို့ လေယာဉ်ပျက်ကျရာနေရာအနီးတစ်ဝိုက်တွင် ရဲများ စောင့်ကြပ်ကြည့်ရှုနေသည်ကို သြဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Voepass လေကြောင်းကုမ္ပဏီ၏ ခရီးသည် ၆၁ ဦးလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်းသည် သြဂုတ် ၉ ရက်၌ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဆော်ပေါ်လိုပြည်နယ် Vinhedo မြို့တွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း အဆိုပါကုမ္ပဏီက ယင်းနေ့တွင် အတည်ပြုခဲ့သည်။ လက်ရှိတွင် ပျက်ကျခဲ့သည့် လေယာဉ်၏ black box ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။
ယင်း ATR72-500 မော်ဒယ် တာဘိုပရော့ ခရီးသည်တင်လေယာဉ်သည် အဆိုပါနေ့တွင် Paraná ပြည်နယ် တောင်ပိုင်းရှိ Cascavel မြို့မှ Sao Paulo Guarulhos အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းစဉ် ညနေပိုင်း၌ Sao Paulo မြို့မှ ကီလိုမီတာ ၈၀ ခန့်အကွာရှိ Vinhedo မြို့တွင် ပျက်ကျခဲ့ကြောင်း သိရသည်။ ပျက်ကျခဲ့သည့် ခရီးသည်တင်လေယာဉ်ကြောင့် မြေပြင်ပေါ်ရှိ နေအိမ်တစ်လုံး ပျက်စီးခဲ့သော်လည်း မြေပြင်တွင် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ဘရာဇီးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)


……………………………………………..
(Chinese Version)
巴西失事客机机上61人全部遇难 黑匣子已找到
新华社圣保罗8月9日电 巴西沃帕斯航空公司9日确认,该公司一架载有61人的客机当天在巴西东南部圣保罗州维涅杜市坠毁,机上人员全部遇难。目前,失事飞机的黑匣子已被找到。
据巴西媒体报道,这架ATR72-500型涡轮螺旋桨客机当天从巴拉那州南部卡斯卡韦尔市飞往圣保罗瓜鲁柳斯国际机场,下午在距圣保罗市约80公里的维涅杜市坠毁。失事客机损毁了地面上一栋住宅,但未造成地面人员伤亡。(完)
图说:8月9日,警察在巴西圣保罗州维涅杜市坠机现场附近警戒。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.