Connect with us

မြန်မာ-ENG

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော အဝေးပြေးလမ်းက ပင်မစီးပွားရေးလမ်းကြောင်းသစ်ဖြစ်လာ

ကမ္ဘောဒီးယားနိုင်ငံ Kandal ပြည်နယ်တွင် တရုတ်နိုင်ငံ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော တတိယမြောက်မြို့ပတ်လမ်းကို ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသော ဖနွမ်းပင်- Sihanoukville အဝေးပြေးလမ်းမသည် ပင်မစီးပွားရေးလမ်းကြောင်းသစ်ဖြစ်လာကာ ကမ္ဘောဒီးယားနိုင်ငံရှိ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးတိုးတက်မှုကို သိသိသာသာ မြှင့်တင်ပေးမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ အဝေးပြေးလမ်းသည် ခရီးသည်များအတွက် အချိန်ကုန်သက်သာ၊ အဆင်ပြေ၊ ဘေးကင်းမှုအတွက် သဘောကျလျက်ရှိကြောင်း ဟွန်မန်နက်က ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး ဖနွမ်းပင်- Sihanoukville အဝေးပြေးလမ်းမ ပထမဆုံးနှစ်ပတ်လည်အတွက် ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဒီအဝေးပြေးလမ်းက ပြည်သူတွေရဲ့ ခရီးသွားလာမှုကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့၊ ယာဉ်ကြောအကျပ်အတည်းတွေကို ရှောင်ရှားနိုင်စေဖို့နဲ့ ခရီးသွားကြာမြင့်ချိန်ကို ၂ နာရီလောက်အထိ လျှော့ချပေးဖို့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ အဝေးပြေးလမ်းမကြီးသည် “ဘက်စုံ အထူးစီးပွားရေးဇုန်” အဖြစ် ဖော်ဆောင်လျက်ရှိသော ဖနွမ်းပင်မြို့၏ ပထမဆုံးစီးပွားရေး ထောက်တိုင်အား Sihanoukville မြို့၏ ဒုတိယစီးပွားရေးထောက်တိုင်တို့ကို ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

တရုတ်နိုင်ငံ လမ်းနှင့် တံတားကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံထားပြီး ၁၈၇ ကီလိုမီတာရှည်လျားသည့် အဝေးပြေးလမ်းမကြီးသည် ဖနွမ်းပင်မြို့နှင့် နိုင်ငံတကာ ရေနက်ဆိပ်ကမ်း Sihanoukville တို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။

ဖနွမ်းပင်- Sihanoukville အဝေးပြေးလမ်းမကြီးက တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်ရှိ အဓိကစီမံကိန်းတစ်ခုဖြစ်ကြောင်း ဟွန်မန်နက်က ပြောခဲ့သည်။
“အဝေးပြေးလမ်းရဲ့ တည်ဆောက်မှုမှာ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုက သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ပြသထားပြီး ဒါဟာ ကမ္ဘောဒီးယားအနေနဲ့ BRI ၊ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံကြား တန်ဖိုးမဖြတ်နိုင်တဲ့ သံမဏိချစ်ကြည်ရေးကနေ ရရှိထားတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုအဝေးပြေးလမ်းမကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၏ အခြေခံအဆောက်အအုံစနစ် မြှင့်တင်ပေးခြင်း၊ နိုင်ငံစီးပွားရေးတိုးတက်မှု အဆင့်မြှင့်ပေးခြင်းနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချပေးခြင်း စသည်တို့ကို အထောက်အကူပြုစေကြောင်း ဝန်ကြီးချုပ် ဟွန်မန်နက်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese-invested expressway in Cambodia becomes new economic artery: PM
PHNOM PENH, Nov. 7 (Xinhua) — The Chinese-invested Phnom Penh-Sihanoukville Expressway has become a new economic artery, significantly promoting tourism and economic growth in Cambodia, the country’s Prime Minister Hun Manet said on Monday.
In a congratulatory message on the first anniversary of the Phnom Penh- Sihanoukville Expressway, the kingdom’s first-ever expressway, Hun Manet said the freeway has been admired by passengers for time-saving, convenience and safety.
“This expressway has been playing an important role in improving the efficiency of people’s travel, helping avoid traffic jams and shorten travel time to about two hours only,” he said.
The prime minister said the expressway has connected the first economic pole of Phnom Penh to the second economic pole of Sihanoukville, which is being developed into a “Model Multi-purpose Special Economic Zone.”
Invested by the China Road and Bridge Corporation, the 187-km expressway connects Phnom Penh with the international deep-water seaport of Sihanoukville.
Hun Manet said the expressway is a major project under China’s Belt and Road Initiative (BRI).
“The company’s investment in the development of the expressway has shown tangible benefits that Cambodia has received from the BRI and the invaluable iron-clad friendship cooperation between Cambodia and China,” he said.
He added the expressway has helped improve the transportation infrastructure system, boost national economic growth and reduce poverty in the Southeast Asian kingdom.
Photo: This aerial photo taken on June 5, 2023 shows the Chinese-funded third ring road in Kandal province, Cambodia. (Photo by Ly Lay/Xinhua)