Connect with us

မြန်မာ-ENG

မြန်မာနိုင်ငံတောင်ပိုင်း၌ ဆီသင်္ဘော မီးလောင်မှုကြောင့် လူ ၈ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၁၄ ရက်က ဆီသင်္ဘော မီးလောင်မှု ဖြစ်ပွားပြီးနောက် လူ ၈ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး ရှိခဲ့ပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရမီးသတ်ဦးစီးဌာနထံမှ အောက်တိုဘာ ၁၅ ရက်တွင် သိရသည်။ယင်းဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ဆိပ်ကမ်းတစ်ခု၌ အောက်တိုဘာ ၁၄ ရက် ဒေသစံတော်ချိန် ၄ နာရီ ၃၄ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ဆီတင်သင်္ဘောတစ်စီးက အခြားဆီသိုလှောင်သင်္ဘောထံ ဆီဖြည့်ပေးနေစဉ် ဆီသိုလှောင်သင်္ဘော မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ယင်းဌာနက ဆိုသည်။

“ဆီသင်္ဘောမှာ ဆီထည့်နေတဲ့အချိန် မီးထလောင်တာ၊ မီးအားတအားပြင်းတယ် စလောင်တဲ့ အချိန်မှာကို ၊ စလောင်တာက မနေ့က( အောက်တိုဘာ ၁၄ ရက်) ညနေလောက်မှာ စလောင်တာ၊ မီးအားပြင်းတော့ မီးငြှိမ်းသတ်ဖို့ တော်တော် ခက်ခဲတယ်။ ညဦးပိုင်းမှာ မီးခဏထိန်းနိုင်ခဲ့ပေမဲ့ ဆီတွေအပြည့်ပါတဲ့ သင်္ဘော ဖြစ်တဲ့ အတွက် မီးတောက်ပြန်တက်လာပြီး ဆက်လောင်လိုက်တာ ဒီနေ့မနက် (အောက်တိုဘာ ၁၅ ရက်) မနက်အစောပိုင်းမှ မီးအားလုံး ငြှိမ်းသတ်နိုင်ခဲ့ပါတယ်”ဟု ထားဝယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
သေဆုံးသူများထဲတွင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်သည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကာ ပျောက်ဆုံးနေသူ ၁ ဦးမှာ အမျိုးသား ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းမီးလောင်မှုအား ဒေသန္တရကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံများက ပူးပေါင်းငြှိမ်းသတ်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။ (Xinhua)

——-
8 killed as oil vessel catches fire in southern Myanmar
YANGON, Oct. 15 (Xinhua) — Eight people were killed, three injured, and one is missing after an oil vessel caught fire in southern Myanmar’s Taninthayi Region on Monday, according to local fire service department on Tuesday.
The incident occurred at 4:34 p.m. local time on Monday at a port in Dawei Township of Taninthayi Region, while an oil tanker was refilling another oil storage vessel, and the oil storage vessel caught fire, the department said.
“The fire started yesterday evening and was very intense. It was temporarily put out later that night but reignited due to the vessel being fully loaded with oil. It was completely extinguished early this morning,” an official from the Dawei Fire Service Department told Xinhua on Tuesday.
The deceased included seven males and one female. The injured are two males and one female, and the missing person is a male, he said.
Local rescue organizations, security personnel, and residents also assisted in putting out the fire, which was fully extinguished at 8:33 a.m. local time on Tuesday, the department reported. ■