Connect with us

မြန်မာ-ENG

တရုတ်နိုင်ငံက အာရှဆင်များ ကာကွယ်ရေး ကြိုးပမ်းအားထုတ်မှု အခိုင်အမာဆောင်ရွက်မည်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယွီရှီးမြို့ ယွမ်ကျန့်ကောင်တီတွင် အာရှတောရိုင်းဆင်အုပ်စုကို ၂၀၂၁ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်း၊ ကျင်းနင်ခရိုင်မှ လယ်သမားတစ်ဦးဖြစ်သော ထန်ကျိန့်ဖောင်းသည် လွန်ခဲ့သောတစ်နှစ်အကြာက တွေ့ဆုံခဲ့ရသော အထူးမိတ်ဆွေအချို့ဖြစ်သည့် အာရှဆင်အုပ်စုကို သတိရတမ်းတလျက်ရှိသည်။၂၀၂၀ ပြည့်နှစ် မတ်လက အာရှဆင်ရိုင်း ၁၅ ကောင်ပါဝင်သော ဆင်အုပ်စုသည် ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ သဘာဝသစ်တောကြိုးဝိုင်းအား ထားရစ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇွန်လတွင် ကူမင်မြို့၏ မြောက်ဘက်သို့ ဦးတည်ကာ ကီလိုမီတာ ၅၀၀ ခန့်အထိ ခရီးဆန့်ခဲ့ကြသည်။ ယင်းကာလအတွင်း ထန်သည် ဆင်အုပ်ကြီးအား ကျွေးမွေးရန် ပြောင်းဖူး ၅ တန်ခန့် လှူဒါန်းရန် ဒေသခံအစိုးရအား ဆက်သွယ်ခဲ့သည်။

“ဆင်တွေက ကျွန်တော်တို့ရွာနားမှာ လှည့်လည်သွားလာနေတယ်ဆိုတာ ကြားတော့ ကျွန်တော် တော်တော်လေးစိတ်လှုပ်ရှားခဲ့တယ်။ ဒါပေမဲ့ သူတို့တွေအနီးအနားက သစ်တောထဲမှာ စားသောက်ဖို့ မလုံလောက်မှာလည်း စိုးရိမ်မိတယ်” ဟု အသက် ၅၀ နှစ်အရွယ် ထန်က ပြန်ပြောင်းပြောပြခဲ့သည်။

အဆိုပါ အာရှဆင်များသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင်မူ ၎င်းတို့၏ မူလနေရပ်ဖြစ်သော ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိန်းယန်ဧရိယာသို့ ပြန်လည်ရောက်လာကာ ယနေ့ထိတိုင် ဆက်လက်နေထိုင်လျက်ရှိသည်။ ယခုအခါ ၎င်းဆင်များသည် သစ်တောများအစွန်း၌ မကြာခဏ ရှာဖွေကျက်စားလျက်ရှိပြီး အနီးဝန်းကျင်ရပ်ရွာနှင့် သဟဇာတဖြစ်စွာ နေထိုင်လျက်ရှိကြောင်း သဘာဝသသစ်တော စီမံခန့်ခွဲမှုဗျူရိုအရ သိရသည်။

“သူတို့ အစားအစာ ဖူဖူလုံလုံရှိတယ်ဆိုတာ သိရတော့ ကျွန်တော်ကျေနပ်ပါတယ်။ ဒေသခံအစိုးရကလည်း သူတို့ကို သေချာကာကွယ်စောင့်ရှောက်ပေးပါတယ်။ သူတို့ဆီသွားလည်ခွင့်ရဖို့တော့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ထန်က ဆိုသည်။

ဆင်အုပ်ကြီးအား စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ အချက်အလက်များအရ ဆင်အုပ်ကြီး မြောက်ဘက်သို့ ခရီးနှင်နေစဉ် မွေးဖွားခဲ့သော ဆင်ပေါက်လေးမှာ ကြီးထွားလျက်ရှိပြီး လွတ်လပ်မှုကို ရှာဖွေလျက်ရှိသည်။ ဇန်နဝါရီလတွင် နောက်ထပ်ဆင်ပေါက်လေးတစ်ကောင်ကို သစ်တောကြိုးဝိုင်း၌ပင် မွေးဖွားခဲ့သည်။ ထိုအချိန်မှစ၍ ဆင်အုပ်ကြီးသည် မိန်းယန်ရှိ သစ်တောများ၌ပင် ရွေ့လျားသွားလာလျက်ရှိပြီး တွေ့မြင်ဖို့ရန် ခက်ခဲကြောင်း သိရသည်။

တရုတ်နိုင်ငံ အစိုးရနှင့် ဒေသခံများ၏ ကြိုးပမ်းအားထုတ်မှုများသည် လူသားနှင့် သဘာဝကြား သဟဇာတဖြစ်မှု မြှင့်တင်ရန် တရုတ်နိုင်ငံ ဆုံးဖြတ်ချက်၏ ထင်ရှားပေါ်လွင်သော ဥပမာတစ်ခုဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ တောရိုင်းထိန်းသိမ်းစောင့်ရှောက်မှုအတွက် နှလုံးသားနွေးထွေးမှုရှိသော သာဓကတစ်ခုလည်းဖြစ်ကြောင်း အမျိုးသားသစ်တောနှင့် မြက်ခင်းပြင် စီမံခန့်ခွဲမှုဦးစီးဌာနအောက်ရှိ အာရှဆင် သုတေသနစင်တာ ညွှန်ကြားရေးမှူး ချန်ဖေက ပြောကြားခဲ့သည်။

“ဆင်အုပ်ကြီးကို နေရပ်ပြန်ပို့လိုက်တဲ့ ကူညီမှုဟာ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အဆုံးသတ်သွားတဲ့ လက္ခဏာမဟုတ်ပါဘူး။ အာရှဆင်တွေနဲ့ သူတို့ရဲ့ သဘာဝအတိုင်းနေထိုင်မှုတွေကို ကာကွယ်ဖို့ဆီ ခရီးအဝေးကြီးရှိနေတုန်းပါပဲ” ဟု ချန်က ဆိုသည်။ အာရှဆင်များသည် တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ငါးနှစ်စီးမံကိန်းအတွင်း အရေးပေါ် ကာကွယ်စောင့်ရှောက်ရေးအရ စိုးရိမ်ဖွယ် မျိုးသုန်းပျောက်ကွယ်နိုင်သော မျိုးစိတ်များစာရင်း ၄၈ ခု၌ ပါဝင်နေကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အနာဂတ်တွင် ပတ်ဝန်းကျင်တိုးတက်မှု ဆက်လက်လုပ်ဆောင်နေသဖြင့် အာရှဆင်များ အရေအတွက်သည် မလွဲမသွေ ဆက်လက်များပြားလာမည်ဖြစ်သည်။ လူသား-ဆင်ကြား ပဋိပက္ခအား အဖြေရှားခြင်းသည် ဘယ်သောအခါမှ လွယ်ကူခဲ့ခြင်းမရှိကြောင်း ချန်က ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် အာရှဆင်အရေအတွက် လျော့လာသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်း ကာကွယ်ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်နိုင်ငံ အထူးသဖြင့် ယူနန်ပြည်နယ်ရှိ အာရှဆင်အရေအတွက်မှာ ၁၈၀ မှ ၃၀၀ အထိ တိုးပွားလာခဲ့ပြီး ယင်းကိန်းဂဏန်းမှာလည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

အာရှဆင်များ၏ နေထိုင်မှုကို ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်း အားကောင်းလာခြင်းနှင့်အတူ အာရှဆင်များ ကာကွယ်စောင့်ရှောက်သူများက ဆင်များ၏ နေထိုင်မှုအရေအတွက် တိုးတက်ရန်နှင့် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစောပိုင်းသတိပေးခြင်း၊ ဘေးကင်းရေးနှင့် အရေးပေါ်တုံ့ပြန်ရေးစနစ်များ အားကောင်းရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ လူသား-ဆင် ပဋိပက္ခများ လျော့ပါသွားမည်ဖြစ်သည်။

ထို့ပြင် အာဏာပိုင်များအနေဖြင့်လည်း အာရှဆင်များအတွက် ဒေသဖြတ်ကျော် ဂေဟဗေဒဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ရန်၊ မျိုးစိတ်များနှင့် ၎င်းတို့၏ နေထိုင်မှုများကို လေ့လာရန်နှင့် ကာကွယ်ရန် မိုးသစ်တော အမျိုးသားဥယျာဉ်တစ်ခု တည်ဆောက်ရေးလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။

“အာရှဆင်အရေအတွက်နဲ့ သူတို့ရဲ့ နေထိုင်မှုကို ကာကွယ်ဖို့ အခြေခံပေါ်မူတည်ပြီး ကျွန်တော်တို့ဟာ အပူပိုင်း အဖိုးတန်မိုးသစ်တောဂေဟစနစ်ကို ကာကွယ်သွားရမှာဖြစ်တယ်။ ဒါဟာ သဘာဝအရင်းအမြစ်တွေနဲ့ ဂေဟဗေဒဆိုင်ရာ ကာကွယ်ရေး ကာလရှည် ယန္တရားကို ထူထောင်ဖို့ အလွန်ပဲအရေးကြီးပါတယ်” ဟု ချန်က ဆိုသည်။ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်မှာ လူသားများနှင့် ဆင်များကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးပင်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

……………………………………………
(English Version)

China strengthens efforts to protect Asian elephants

Source: Xinhua

Editor: huaxia

2022-06-06 23:20:15
KUNMING, June 6 (Xinhua) — Tang Zhengfang, a farmer from Jinning District, Kunming, capital of southwest China’s Yunnan Province, has been longing for some special friends — a herd of Asian elephants which he met by chance a year ago.

In March 2020, a herd of 15 wild Asian elephants left a forest nature reserve in Xishuangbanna, Yunnan, and trekked about 500 km northward to Kunming in June 2021. During the time, Tang contacted the local government to donate about 5 tonnes of corn to feed the giant creatures.

“Hearing that the elephants were wandering near our village, I was quite excited, but also worried that they wouldn’t have enough to eat in the forest nearby,” the 50-year-old recalled.

These Asian elephants returned to their original habitat in Mengyang area of Xishuangbanna National Nature Reserve on Dec. 9, 2021, where they have remained to the present day. Now, the elephants occasionally forage at the edge of the forests and live in harmony with surrounding communities, according to the management bureau of the nature reserve.

“I am pleased to know that they have enough food to eat and the local government has strengthened protection for them. I hope to have a chance to visit them,” said Tang.

The management bureau of the reserve said that monitoring data showed that the baby elephants born during the northward journey are growing up and finding independence. In January, another baby elephant was born at the reserve. Since then, the herd of elephants have moved deep into the forests in Mengyang and are rarely seen.

Chen Fei, director of the Asian elephant research center under the National Forestry and Grassland Administration, said that the efforts made by the Chinese government and local residents have served as a vivid example of China’s determination to promote harmony between man and nature, providing a warmhearted example for global wildlife conservation.

“Helping the herd go home does not signal the end of our efforts. There is still a long way to go to protect Asian elephants and their habitats,” said Chen, adding that Asian elephants have been included in the list of 48 critically endangered species under emergency protection during China’s 14th Five-Year Plan period (2021-2025).

In the future, as the environment continues to improve, the population of Asian elephants will inevitably continue to grow. Finding a resolution to the human-elephant conflict has never been easy, according to Chen.

Although the Asian elephant population is declining worldwide, thanks to protection efforts over the past 30 years, their population in China, mostly in Yunnan, has grown from 180 to around 300, and this number continues to grow.

By strengthening habitat protection and restoration, protectors of Asian elephants continue to improve the quality of their habitat, and strengthen the construction of monitoring and early warning, safety and emergency response systems so as to minimize human-elephant conflicts.

Meanwhile, authorities are accelerating the process of building a rainforest national park for Asian elephants to better coordinate trans-regional ecological protection, study and protect the species and their habitats.

“On the basis of protecting the Asian elephant population and its habitat, we should protect the precious tropical rainforest ecosystem. It is of great significance to the establishment of a long-term mechanism of natural resources and ecological protection,” said Chen, adding that the ultimate goal is to achieve a harmonious coexistence between men and elephants. ■

Photo : Aerial photo taken on Aug. 9, 2021 shows a herd of wild Asian elephants in Yuanjiang County of Yuxi City, southwest China’s