Connect with us

မြန်မာ-ENG

တရုတ်နိုင်ငံက အမျိုးသား ဆေးဘက်ဆိုင်ရာ အထူးပြုဌာန ၁၃ ခု တည်ထောင်

ပေကျင်း၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နယ်ပယ်အသီးသီးတွင် အမျိုးသားဆေးဘက်ဆိုင်ရာ အထူးပြုဌာန ၁၃ ခုကို တည်ထောင်ခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။NHC က ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ မလုံလောက်သော ဒေသများတွင် နောက်ထပ် ဒေသန္တရ ဆေးဘက်ဆိုင်ရာ ဌာန ၇၆ ခု ဆောက်လုပ်ရေးအတွက် ခွင့်ပြုရန် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း NHC မှ တာဝန်ရှိ Li Dachuan က ဧပြီ ၁၃ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရှိနှင့်ပြီးသော အမျိုးသားဆေးဘက်ဆိုင်ရာဌာနများမှာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာရောဂါ၊ သက်ကြီးရွယ်အိုကုသစောင့်ရှောက်မှုဆေးပညာ၊ စိတ်ဒဏ်ရာဆေးပညာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာဆေးပညာ နယ်ပယ်များတွင် အထူးပြုထားကြောင်း လီက ပြောကြားခဲ့သည်။

နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ဆေးဘက်ဆိုင်ရာဌာနများက ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း သို့မဟုတ် နိုင်ငံတကာတွင် ရှေ့ဆောင်နေသော သို့မဟုတ် ဦးဆောင်နေသော ဆေးဘက်ဆိုင်ရာနည်းပညာ ၃၇၂ ခုကို တီထွင်ခဲ့ကြောင်း၊ အဆိုပါစင်တာများတည်ဆောက်ရေးအစီအစဉ်ကို တရုတ်နိုင်ငံမှ စတင်လုပ်ဆောင်ချိန်မှစ၍ ပြည်နယ်အသီးသီးထံ ရောဂါရှာဖွေရေးနှင့် ကုသရေးနည်းပညာ ၁,၄၀၀ ကျော် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု လီက ဆိုသည်။

တရုတ်နိုင်ငံက ဒေသများအကြား ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ တိုးတက်ရေး ညီမျှမှုရှိစေရန် လာမည့်ငါးနှစ်တာကာလအတွင်း နိုင်ငံအဆင့်နှင့် ဒေသအဆင့် ဆေးဘက်ဆိုင်ရာဌာနများ ပိုမိုတည်ဆောက်သွားရန် စီစဉ်ထားကြောင်း လီကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

———————-

China establishes 13 specialized national medical centers
BEIJING, April 13 (Xinhua) — China has established 13 national medical centers specializing in different fields, according to an official of the National Health Commission (NHC).

The NHC has worked with the National Development and Reform Commission to approve the construction of 76 more regional medical centers in areas with inadequate medical resources, NHC official Li Dachuan said at a press conference on Thursday.

Existing national medical centers specialize in fields such as cardiovascular disease, cancer, geriatrics, traumatic medicine and respiratory medicine, Li said.

National and regional medical centers developed 372 medical technologies that are pioneering or leading domestically or internationally in 2022, and over 1,400 diagnosis and treatment technologies have been transferred to various provinces since China initiated the program to build these centers, Li said.

The country will make plans to build more national and regional medical centers in the next five years to balance the development of medical services among regions, Li added. ■

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.