Connect with us

Business

မြန်မာနိုင်ငံက ၇ ကြိမ်မြောက် CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့် အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၇ ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် အစည်းအဝေးအား နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၇ ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် အစည်းအဝေးအား နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၌ လက်ခံကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးက ရည်မှန်းထားသည့် ဈေးကွက်များမှ CLMV နိုင်ငံများအထိ မီဒီယာနှင့် ပုဂ္ဂလိက ကဏ္ဍများအတွက် အဖွဲ့အစည်းဆိုင်ရာ ခရီးစဉ်များ၊ CLMV ခရီးသွားလုပ်ငန်း website သို့မဟုတ် သတင်းအချက်အလက် database ပူးတွဲထူထောင်ခြင်း၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်းအစီအစဉ်များ၊ ခရီးသွားလုပ်ငန်းပြပွဲနှင့် ပြခန်းများ လက်ခံကျင်းပခြင်း၊ ပါဝင်ခြင်း၊ လူမှုကွန်ရက်ပလက်ဖောင်းများမှတစ်ဆင့် ကုန်ကျစရိတ်သက်သာသော ပူးတွဲ ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေးနှင့် ဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုများ အသုံးချဆောင်ရွက်ခြင်း အပါအဝင် ပူးတွဲခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ဈေးကွက်ရှာဖွေရေးတို့အား အဓိကဆွေးနွေးခဲ့သည်။
CLMV နိုင်ငံများအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေသတွင်းပေါင်းစည်းမှုနှင့် ရေရှည်တည်တံ့သော တိုးတက်မှုအား အရှိန်မြှင့်တင်နိုင်မည့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ အားပေးမြှင့်တင်ရေး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အစည်းအဝေးအတွင်း တိုက်တွန်းပြောဆိုခဲ့သည်။
ယင်းအစည်းအဝေးတွင် CLMV နိုင်ငံများသို့ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှု ပြန်လည် ကောင်းမွန်လာမှုအား အားရကျေနပ်မိကြောင်း ဆွေးနွေးပြောကြားခဲ့ကြပြီး CLMV နိုင်ငံများသို့ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် ၇.၅ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၂၂.၈ သန်း အသီးသီးဝင်ရောက်ခဲ့ကြောင်း သိရသည်။
CLMV နိုင်ငံများသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂၁.၃ သန်း ရှိခဲ့ကြောင်း ကနဦးစာရင်းများအရ သိရသည်။
ယင်းအစည်းအဝေးက ၂၀၂၅ ခုနှစ်အလွန် CLMV ဒေသတွင်းခရီးသွားလုပ်ငန်းမဟာဗျုဟာ ဖွံ့ဖြိုးတိုးတက်ရေး၊ ၂၀၃၀ အာဆီယံ ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ အစီအစဉ်နှင့် ၂၀၃၀ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းမဟာဗျုဟာ စသည့် သက်ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာများနှင့် ကိုက်ညီမှု ရှိစေရေး အလားအလာများအား အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။
၈ ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့်နှင့် အဆင့်မြင့်အရာရှိများအစည်းအဝေးအား ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………….
(English Version)
Myanmar hosts 7th CLMV tourism minister meeting in Yangon
YANGON, Nov. 29 (Xinhua) – Myanmar hosted the 7th Cambodia, Laos, Myanmar and Vietnam (CLMV) Tourism Ministers’ meeting in Yangon on Friday.
The meeting focused on joint tourism promotion and marketing, including organizing familiarization trips for media and private sectors from target markets to the CLMV countries, setting up of a joint CLMV tourism website or information database, hosting and participating in international tourism events, travel fairs and exhibitions, and leveraging cost-effective joint digital marketing and promotion campaigns through social media platforms.
During the meeting, Myanmar’s Union Minister for Hotels and Tourism Thet Thet Khine urged CLMV countries to enhance the areas of tourism cooperation within the region.
The meeting expressed satisfaction with the recovery of international visitor arrivals to CLMV countries, which reached 7.5 million in 2022 and 22.8 million in 2023.
The preliminary data showed that international visitor arrivals to CLMV countries from January to September 2024 reached 21.3 million.
The meeting also emphasized the potentials for developing the CLMV Regional Tourism Strategy for Post-2025, ensuring that it aligns with the respective national strategies, the ASEAN Tourism Sectoral Plan 2030, and the Greater Mekong Subregion Tourism Strategy 2030.
The 8th Meetings of CLMV Tourism Ministers and Senior Officials will be held in Vietnam in 2026. Enditem