Connect with us

Africa & Middle East

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်သစ်ကို လက်ခံကြောင်း ဘလင်ကန်ပြော

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (ယာ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်တို့ ဂျေရုဆလမ်မြို့တွင် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Haim Zach-GPO/Handout via Xinhua)

ဂျေရုဆလမ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံက ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်နှင့် ဓားစာခံများလွှတ်ပေးရေးကို လက်ခံကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် ဩဂုတ် ၁၉ ရက်က ပြောကြားခဲ့သည်။
နေတန်ယာဟုအနေဖြင့် အမေရိကန်ကျောထောက်နောက်ခံပြု ပေါင်းကူးပေးသော အဆိုပြုချက်ကို “အစ္စရေးက အတည်ပြုကြောင်း” တဲလ်အဗစ်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဘလင်ကန်က ပြောခဲ့သည်။ အဆိုပါ အဆိုပြုချက်ကို သီတင်းပတ်ကုန်အတွင်း ကာတာ၊ အီဂျစ်နှင့် အမေရိကန် ကြားဝင်စေ့စပ်သူများက အစ္စရေးနှင့် ဟားမက်စ်ထံ ပေးပို့ခဲ့သည်။
ဟားမက်စ်အနေဖြင့်လည်း ယင်းအဆိုပြုချက်ကို အတည်ပြုရန် ဘလင်ကန်က တိုက်တွန်းကြောင်း၊အစ္စရေးတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့သော ဂါဇာတွင် ခံစားနေရမှုများကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးကြောင်း၊ ဟားမက်စ်က ဖမ်းဆီးထားသော ဓားစာခံများကို လွှတ်ပေးရန်လည်း လိုအပ်ကြောင်းလည်း ဘလင်ကန်က အလေးထားပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Israel’s Netanyahu supports new bridging proposal for Gaza truce: Blinken
JERUSALEM, Aug. 19 (Xinhua) — Israel has accepted a new proposal for a ceasefire in Gaza and the release of hostages, U.S. Secretary of State Antony Blinken said Monday after a meeting with Israeli Prime Minister Benjamin Netanyahu.
During a press conference in Tel Aviv, Blinken said that Netanyahu “confirmed that Israel approves” the new U.S.-backed bridging proposal. The proposal was presented to Israel and Hamas by Qatari, Egyptian, and U.S. mediators over the weekend.
Blinken urged Hamas to approve the bridging proposal, emphasizing the urgency of addressing the suffering in Gaza, where more than 40,000 have been killed in Israeli assaults, and the need to release the hostages still held by Hamas.
Photo: Israeli Prime Minister Benjamin Netanyahu (R) meets with U.S. Secretary of State Antony Blinken in Jerusalem, on Aug. 19, 2024. (Haim Zach-GPO/Handout via Xinhua)