ဝူးလူမုချီ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ရှင်းကျန်းနှင့်ပတ်သက်၍ အနောက်နိုင်ငံအချို့မှ နိုင်ငံရေးသမားများက အလိမ်အညာများ နှင့် တမင်ဖန်တီးသည့် မမှန်သတင်းများ ဆက်လက်ဖြန့်ဖြူးနေသော်လည်း ရှင်းကျန်းဒေသ၏ မကြုံစဖူး ဖွံ့ဖြိုးတိုးတက်မှု နှင့် ထူးခြားမှတ်သားဖွယ် အောင်မြင်ဖြစ်ထွန်းမှုများသည် အမှန်တရားကို ဖော်ပြနေသည်။
တက္ကဆက်စ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွါးရာ ကလေးငယ် ၁၈ ဦး အပါအဝင် သေဆုံးသူ ၂၁ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း တက္ကဆက်စ်ပြည်နယ် အများပြည်သူလုံခြုံရေး ဌာန၏ ပြောကြားချက်ကို ကိုးကား၍ ပြည်နယ်ဆီးနိုတ်လွှတ်တော် အမတ်တစ်ဦးက...
မော်စကို ၊ မေ ၂၅ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသို့ အနောက်နိုင်ငံများ၏ အကူအညီများ တိုးလာပြီး ရုရှားနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို၊ မေ ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံပိုင် Ceylon Petroleum Corporation (CPC) ကုမ္ပဏီက နိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှု ဆက်လက်ဖြစ်ပွားနေသည့်ကြားမှ မေ ၂၄ ရက်၌ လောင်စာဆီဈေးနှုန်းကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
မော်စကို၊ မေ ၂၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ စီးပွားရေးသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း “အခြေအနေကောင်းမွန်လျက်ရှိသည်ကို” အဓိကကျသည့် မိုက်ခရိုစီးပွားရေးအညွှန်းကိန်းများအားလုံးကသက်သေပြသလျက်ရှိကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဆိုသည်။
ဂျီနီဗာ၊ မေ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေး အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံ WHAနှင့် WHA အထွေထွေကော်မတီ က နှစ်စဉ်ကျင်းပသည့်မျက်နှာစုံညီအစည်းအဝေးများတွင် ထိုင်ဝမ်မှ လေ့လာသူအဖြစ်အစည်းအဝေးသို့တက်ရောက်ရေး အဆိုတင်သွင်းမှုကို ပယ်ချကြောင်း မေလ ၂၃ ရက်တွင် အသီးသီး ဆုံးဖြတ်ခဲ့သည်။...
ကီဂါလီ ၊ မေ ၂၄ ရက်(ဆင်ဟွာ) ရဝမ်ဒါနိုင်ငံ အစိုးရက ၂၀၂၄ ခုနှစ်တွင် လူတိုင်းလျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် နိုင်ငံ၏ ကြိုးပမ်းမှုများအား မြှင့်တင်ရန် ရည်မှန်းသည့် ၄၃ ဒသမ ၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းကို စတင်ခဲ့ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ မေ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် မကြာသေးမီက မျောက်ကျောက်ရောဂါ (monkeypox) လူအစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွါးခြင်းသည် သိပ္ပံပညာရှင်များထံမှ ကြီးမားသော စိုးရိမ်ပူပန်မှု ဖြစ်ပေါ်စေခဲ့သည်။ သို့ရာတွင် မျောက်ကျောက်ရောဂါသည် တစ်ချိန်တည်းတွင် လူထုကူးစက်မှုအန္တရာယ်ဖြစ်ပွားရန်မှာမူ “တော်တော်လေးနည်းပါး” ကြောင်းနှင့် “အထိတ်တလန့်ဖြစ်ရန်မရှိကြောင်း” ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ...
ပေကျင်း ၊ မေ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းစည်းမျဉ်းစည်းကမ်းကို လိုက်နာကျင့်သုံးရန် နှင့် တရုတ်-အမေရိကန် ပူးတွဲ တရားဝင်သတင်းထုတ်ပြန်ချက်ကို သတ်မှတ်ဖော်ဆောင်ရန် နှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ မှေးမှိန်စေခြင်း နှင့် တစ်စိတ်တစ်ပိုင်းဖယ်ရှားခြင်း လုပ်ဆောင်နေမှုတို့ကို ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မကြာသေးမီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ned...
ပေကျင်း ၊ မေ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် အန်သိုနီအယ်လ်ဘာနိစ်အား မေ ၂၃ ရက်တွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။