ပွင့်လင်းသောစိတ်ဓာတ်၊ အားလုံးပါဝင်နိုင်မှု၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့ကို လက်ခံကျင့်သုံးကာ BRICS အဖွဲ့၏ ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့်မားစွာ တိုးတက်ရေးကို မြှင့်တင်ရာ၌ တရုတ်နိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်အတွက် BRICS...
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ တရုတ်အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကော်မတီ ညွှန်ကြားရေးမှူး ဝမ်ရှောင်ဟုန်သည် အိမ်ဖြူတော် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရေးရာရုံး ညွှန်ကြားရေးမှူး ရာဟူး ဂူ(ပ်)တာနှင့် ဇန်နဝါရီ ၇ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုကြောင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများမှာ...
နှစ်တစ်နှစ်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံး ပြည်ပခရီးစဥ်မှာ အမြဲတစေ အာဖရိကသို့ သွားရောက်ခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်း၌ ကြာမြင့်စွာ တည်ရှိနေသည့် အစဥ်အလာတစ်ရပ် ဖြစ်သကဲ့သို့ သိသာထင်ရှားသော ဝိသေသလက္ခဏာ တစ်ရပ်လည်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီ ၆ ရက်၌ ပြောကြားခဲ့သည်။ နှစ်သစ်၌ ပထမဆုံး ပြည်ပခရီးစဉ်...
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခရိုင်တစ်ခုတွင် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်း၌ ပြင်းအား ၆.၈ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ထိခိုက်သေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ပြီးနောက် လူ့အသက်များကို ကယ်ဆယ်ရေး၊ ထိခိုက်သေဆုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချရေးအတွက် ကယ်ဆယ်ရေး အစီအစဥ်များကို အစွမ်းကုန် လုပ်ဆောင်ရန်...
သိပ္ပံပညာရှင်များသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းခြေရာအုပ်စုတစ်ခုမှာ လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၂၀ ကျော်က အသားစားဒိုင်နိုဆောများ ကျန်ရစ်သောခြေရာများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယင်းခြေရာများက အဆိုပါ ရှေးဟောင်းသတ္တဝါများ၏ အုပ်စုလိုက်နေထိုင်သောအလေ့အထများကို အတွင်းကျကျလေ့လာနိုင်ရန် အထောက်အကူပြုလျက်ရှိသည်။ ထိုခြေရာများ တွေ့ရှိသောနေရာသည် ကန်းစုပြည်နယ် ကျင်းယွမ်ခရိုင် ဝူလန်မြို့တွင် တည်ရှိသည်။ သိပ္ပံပညာရှင်များက...
တရုတ်နိုင်ငံက Long March-3B ဒုံးပျံကို အသုံးပြုကာ Shijian-25 စမ်းသပ်ဂြိုဟ်တုတစ်စင်းအား ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့သည်။ နောက်ပိုင်းတွင် သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများ တင်ဆောင်ထားသော အဆိုပါ ဒုံးပျံကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန်...
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန်တို့သည် ဇန်နဝါရီ ၇ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အမေရိကန်၏ နိုင်ငံရေးအသွင်ကူးပြောင်းမှု ကာလအတွင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းရန်၊ သဘောထားကွဲလွဲမှုများကို ကိုင်တွယ်စီမံရန်၊ တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တည်ငြိမ်အောင် ဆက်လက်ထိန်းသိမ်းရန်...
တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေးစီမံကိန်း ရေးဆွဲသူဖြစ်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က တပေါင်းတစည်းတည်းဖြစ်သော နိုင်ငံလုံးဆိုင်ရာဈေးကွက် ဖော်ဆောင်ရေးအတွက် လမ်းညွှန်ချက်တစ်ရပ်ကို ဇန်နဝါရီ ၇ ရက်၌ ထုတ်ပြန်ခဲ့သည်။ ယင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ဗဟိုအဆင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ ကြေညာခဲ့သော...
အင်အားသုံး၍ လွှမ်းမိုးသည့် နိုင်ငံရေးစနစ်နှင့် ဗိုလ်ကျကြီးစိုးမှုတို့ ဖိစီးလျက်ရှိသော ကမ္ဘာကြီးတွင် တရုတ်-အာဖရိက မိတ်ဖက်ဆက်ဆံရေး၏ အရေးပါမှုမှာ ပို၍ပင် ထင်သာမြင်သာရှိလာခဲ့သည်။ ထိုမိတ်ဖက်ဆက်ဆံရေးသည် သာတူညီမျှရှိမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ ဘုံသာယာဝပြောမှုတို့၏ မီးပြတိုက်အဖြစ်လည်း ရပ်တည်လျက်ရှိသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0gG ………………… (English Version) China-Africa...
လွန်ခဲ့သော ၄ နှစ်တာကာလအတွင်း တရုတ်နိုင်ငံရှိ ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့်၌ ကြေးနီတူးဖော်ရှာဖွေရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကာ ကြေးနီသယံဇာတတန်ချိန် သန်း ၂၀ ကျော် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ သယံဇာတအရင်းအမြစ် ဝန်ကြီးဌာနလက်အောက်ရှိ တရုတ်ဘူမိဗေဒ လေ့လာရေးဌာန၏ အဆိုအရ လတ်တလောတွင် ၎င်းကုန်းပြင်မြင့်၌ တန်ချိန် ၁၀...