ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှနေ၍ ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်အကြား တရုတ်-အမေရိကန် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်စေမည့် မဟာဗျူဟာ၊ အခင်းအကျင်းတစ်ခုလုံးနှင့် မူရင်းဇစ်မြစ် အရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အတူဂရုပြုသည့်...
ပေကျင်း ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က “ ထိုင်ဝမ်ခွဲထွက်ရေး” ကြိုးပမ်းမှုသည် “ ကျွန်ုပ်တို့အား ရန်စခြင်း ၊ ကျွန်တော်တို့လက်ကို တွန်းအားပေးခြင်း သို့မဟုတ် မျဉ်းနီကိုကျော်ဖြတ်ခြင်း” မှတ်ယူကာ ခွဲထွက်ရေးအင်အားစုများအား တရုတ်နိုင်ငံက ခိုင်မာသောသန္နိဌာန်ဖြင့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာ ၁၆ ရက်တွင်...
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန်နှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် နိုဝင်ဘာ ၁၅ ရက်၌ တွေ့ဆုံခဲ့ပြီး တရုတ်အနေဖြင့် ကမ္ဘောဒီးယား၏ ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး၊ စီးပွားရေးနာလန်ထူမှုနှင့် ပြည်သူများ၏ လူနေမှုဘဝများအား တတ်စွမ်းသမျှ...
စိန်ယန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ စိန်ယန် နန်းတော်ပြတိုက် (Shenyang Palace Museum) တည်ဆောက်ခြင်း ၉၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား နိုဝင်ဘာ ၁၆ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးခေါင်းဆောင်များနှင့်အတူ ကမ္ဘာ့စီးပွားရေးဖိုရမ် အထူးအွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး မှတ်ချက်စကားပြောကြားခြင်းနှင့် ဖိုရမ်တက်ရောက်လာသော ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များနှင့် ဆွေးနွေးပွဲနှင့် ဖလှယ်ခြင်းများ နိုဝင်ဘာ ၁၆ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကျောက်လိကျန်း၏ ပြောကြားချက်အရ သိရသည်။...
ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) “ဆောက်လုပ်ရေးတစ်ပိုင်းလုပ်ပြီးရင် စိမ်းလန်းစိုပြည်အောင်တစ်ပိုင်းလုပ်ရတယ် ၊ ဒါက ထိရောက်မြင့်မားတဲ့ ဆောက်လုပ်ရေးတောင်းဆိုချက်တင်မဟုတ်ဘူး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်တဲ့ဆောက်လုပ်ရေးဖြစ်ဖို့ စဉ်းစားတာလည်းပါတယ်၊ နည်းနည်းမှ လျော့တိလျော့ရဲလုပ်လို့မရပါဘူး”ဟု China Railway ErJu 6th Engineering Co.,Ltd၏ တရုတ်-လာအိုရထားလမ်းစီမံကိန်း အင်ဂျင်နီယာချုပ် ဟွမ်သိုက်ဝန်က ပြီးခဲ့သည့်ရက် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင်...
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့တွင် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် နိုဝင်ဘာ ၁၄ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဝမ်ရိက COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရန်...
ဝူးလူမုချ ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသခံများက “အတင်းအဓမ္မလုပ်အားစေခိုင်းမှု” ဟူသည့် မဟုတ်မမှန်လုပ်ကြံပြောဆိုချက် ကောလာဟလများကို ပယ်ချလိုက်ကြောင်း သိရသည်။ အဆိုပါဒေသခံများသည် တနင်္ဂနွေနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရှင်းကျန်းဒေသအစိုးရအနေဖြင့် (ဒေသခံများ) သူတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန် သူတို့ကို...
ချင်းသောင်၊ နိုဝင်ဘာ ၁၄ (ဆင်ဟွာ) ပြီးခဲ့သော မတ်လက ဆူးအက်တူးမြောင်းအတွင်း ပိတ်မိနေသည့် EVER GIVEN ကုန်တင်သင်္ဘောကြီးသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့၌ ပြင်ဆင်မှုများ ပြုလုပ်ပြီးစီးနောက်၊ဆန်းတုန်းဆိပ်ကမ်းရှိ ချင်းသောင်ဆိပ်ကမ်းတွင် ကုန်ပစ္စည်းများ စတင်တင်ဆောင်ကာ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကို တရားဝင် ပြန်လည်စတင် မည်ဖြစ်ကြောင်းသိရသည်။ EVER GIVEN...