ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်သူနာပြုသုံးဦးသည် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ၎င်းတို့၏ ထူးချွန်ပြောင်မြောက်သော ပံ့ပိုးမှုများအတွက် စက်တင်ဘာ ၂ ရက်တွင် ဖလောရင့်နိုက်တင်ဂေးဆုတံဆိပ် ချီးမြှင့်ခံရကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် သီးခြားထုတ်လုပ်ထားသော AG600 ကုန်း၊ ရေ နှစ်သွယ်သွား လေယာဉ်ကြီးသည် လာမည့် တရုတ်လေကြောင်းပြပွဲတွင် ပထမဆုံး လေကြောင်းပြပွဲပျံသန်းမှု တင်ဆက်ပြသမည်ဖြစ်ကြောင်း လေယာဉ်ထုတ်လုပ်သူ တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရ သိရသည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) BRICS New Development ဘဏ် (NDB) က အာရပ်စော်ဘွားများပြည်ထောင်စု၊ ဥရုဂွေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများအား အဖွဲ့ဝင်နိုင်ငံအသစ်များအဖြစ် ဖြည့်သွင်းကြောင်း စက်တင်ဘာ ၂ ရက် မွန်းတည့်ချိန်က ကြေညာခဲ့သည်။
လိဂျ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်-ဥရောပကုန်တင်ရထားဝန်ဆောင်မှုသည် ကျိန့်ကျိုး၊ ဟနွိုင်းနှင့် လိဂျ် မြို့များအား ပထမဆုံးအကြိမ် ချိတ်ဆက်ခဲ့ပြီး အာရှနှင့် ဥရောပကြား ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက်ရှိကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)
ပေကျင်း ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုအထိ 5G အခြေစိုက်စခန်း ၉၉၃,၀၀၀ အား တည်ဆောက်ခဲ့ပြီး ကောင်တီများ၏ ၉၅ ရာခိုင်နှုန်းကျော် နှင့် ကျေးလက်မြို့နယ်များ၏ ၃၅ ရာခိုင်နှုန်းကျော် လွှမ်းခြုံထားကြောင်း စက်မှု နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ဩဂုတ်...
ပေကျင်း ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ လူမှုဘဝတည်ငြိမ်ရေး ပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်မှု နှင့် စောနိုင်သမျှဆောလျင်စွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပြန်လည်စတင်နိုင်ရန် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လက်တွဲကာ အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် (rover) ကျူးလုံ (Zhurong) သည် မေ ၂၂ ရက်က အင်္ဂါဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိပြီးချိန်မှစ၍ ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်) မျက်နှာပြင် စူးစမ်းရှာဖွေရေး ရက်ပေါင်း ၁၀၀ ကုန်ဆုံးသွားပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန...
ဟန်ကျိုး ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်နယ်အဆင့် ဒေသများအနက် ပင်လယ်ကျွန်း အများဆုံး တည်ရှိသည့် နိုင်ငံ အရှေ့ပိုင်းရှိ ကျဲ့ကျန်းပြည်နယ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် လှပသောကျွန်းအချို့ကို ခရီးသွားများ ဆွဲဆောင်ရန် တည်ဆောက်နေကြောင်း သိရသည်။ ကျဲ့ကျန်းပြည်နယ်ရှိ ကမ်းလွန်ကျွန်းများဖြစ်သည့် Xiangshan နှင့်...
အာဒစ်အာဘာဘာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ တွင် ဟွာဝေးကုမ္ပဏီက ဦးစီးကျင်းပသော တတိယမြောက် အမျိုးသားသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) ပြိုင်ပွဲ ဖြစ်သည့် ဟွာဝေးအိုင်စီတီပြိုင်ပွဲ အီသီယိုးပီးယား ၂၀၂၁ ပြိုင်ပွဲတွင် ဆုရရှိသူများအား တရုတ်တယ်လီကွန်း ကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးက သြဂုတ် ၂၆ ရက်တွင် ဆုချီးမြှင့်ခဲ့သည်။