ဟိုင်ဒယ်ဘတ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဥရောပအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမည့် ဖြစ်နိုင်ခြေများကို စူးစမ်းလေ့လာဖော်ထုတ်ရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် တရုတ်-ဥရောပ သိပ္ပံပညာရှင်များဖိုရမ်ကို ဂျာမနီနိုင်ငံတွင် နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်က ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။ တရုတ်နိုင်ငံနှင့် ဥရောပမှ ရာနှင့်ချီသော သိပ္ပံပညာရှင်များ၊...
ကျိုချွမ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) မကြာမီတွင် ရှန်ကျိုး-၂၁ လူလိုက်ပါအာကာသယာဉ်ဖြင့် အာကာသသို့ လိုက်ပါမည့် ကြွက်လေး ၄ ကောင်ကို တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီမှ ကျွမ်းကျင်ပညာရှင်များက အောက်တိုဘာ ၃၁ ရက်တွင် ရွေးချယ်ရန် ကြိုတင်ပြင်ဆင်ထားသော ကြွက်လေး ၄၈ ကောင်အနက်မှ ရွေးချယ်ပြီးဖြစ်သည်။ ယင်းသည်...
ကျီနန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် တုန်းရင်မြို့ရှိ စွမ်းအင်ထုတ်လုပ်ရေးနှင့်ချိတ်ဆက်ထားသည့် ဓာတ်အားလိုင်းတွင် အသုံးပြုမည့် ၂၆ မဂ္ဂါဝပ် ကမ်းလွန်လေအားလျှပ်စစ်တာဘိုင်သည် ယနေ့အချိန်အထိ အဆိုပါအမျိုးအစားများအနက် ကမ္ဘာ့အကြီးဆုံးဖြစ်ကြောင်း တည်ဆောက်သူများ၏အဆိုအရ သိရသည်။ Dongfang လျှပ်စစ်လေစွမ်းအင်ကုမ္ပဏီလီမိတက်က သီးခြားတည်ဆောက်ပြီး ပြည်တွင်းတွင် အပြည့်အဝ ထုတ်လုပ်ခြင်းဖြစ်သည်။...
ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရှန်ကျိုး-၂၁ အာကာသယာဥ်ပေါ်တွင် လိုက်ပါလာခဲ့သော အာကာသယာဥ်မှူး သုံးဦးသည် နိုဝင်ဘာ ၁ ရက် နံနက်အစောပိုင်းတွင် နိုင်ငံ၏အာကာသစခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး အခြားသော အာကာသယာဥ်မှူးသုံးဦးနှင့် တွေ့ဆုံခဲ့ကာ ဂြိုဟ်ပတ်လမ်းအတွင်းလည်ပတ်လျက် အာကာသယာဉ်မှူးများ တာဝန်လွှဲပြောင်းမှုလုပ်ငန်းစဉ်အသစ် စတင်လိုက်ကြောင်း သိရသည်။ ရှန်ကျိုး-၂၀...
ကူမင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) “မြင်ကွင်းတစ်ခွင် မြင်မြင်သမျှ အားလုံးက ကြယ်ငါးပွင့် အနီရောင်အလံ ဝှေ့ယမ်းနေတာကြချည်းပဲ၊ အဲဒီအခိုက်အတန့်မှာ ကျွန်တော်တို့အားလုံး မျက်ရည်မထိန်းနိုင်ခဲ့ဘူး” ဟူ၍ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၄၅ ကြိမ်မြောက် ကမ္ဘာ့ကျွမ်းကျင်မှုပြိုင်ပွဲ (WorldSkills) ဆုချီးမြှင့်စင်မြင့်ထက်၌ ရွှေတံဆိပ်ဆု တက်ယူခဲ့သည့် အခိုက်အတန့်ကို...
ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် AG600 ခွန်းလုံလေယာဥ်သည် ပထမဆုံး ရေသယ်ယူရေဖျန်းလေ့ကျင်မှု ပြီးစီး အောင်မြင်ခဲ့ကြောင်း တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ကုန်းရေနှစ်သွယ်သွားလေယာဥ်သည် ကီလိုမီတာ ၁၉၀ ခန့် ပျံသန်းပြီးနောက် တရုတ်နိုင်ငံ...
ကျိုချွမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်း၏ လူလိုက်ပါသော အာကာသအစီအစဉ်၊ အထူးသဖြင့် လူလိုက်ပါသော လကမ္ဘာစူးစမ်းလေ့လာရေးစီမံကိန်းတွင် စီးပွားဖြစ်ယှဉ်ပြိုင်မှုကို ပေါင်းစပ်အသုံးပြုမှု တိုးမြှင့်လျက်ရှိကြောင်း တရုတ်နိုင်ငံ လူတင်အာကာသအေဂျင်စီ (CMSA) က အောက်တိုဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
ဟားအယ်ပင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Harbin United Aircraft Technology Co., Ltd သုတေသနပြု ထုတ်လုပ်ထားသော ပေါ်ရင်းT1400 Tandem မောင်းသူမဲ့ ရဟတ်ယာဉ်သည် ဟားအယ်ပင်းမြို့၌ အောက်တိုဘာ ၃၀ ရက်တွင် ပထမဆုံးအကြိမ် ပျံသန်းမှု အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။...
ကျိုချွမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးအဖွဲ့ကို အောက်တိုဘာ ၃၀ ရက်က အများပြည်သူထံသို့ မိတ်ဆက်ပြသခဲ့ရာ ၎င်းတို့အနက် အသက် ၃၂ ပြည့်ပြီးခါစဖြစ်သော ဝူဖေးသည် တရုတ်နိုင်ငံ အာကာသယာဉ်ပျံသန်းရေး မစ်ရှင်တာဝန်ထမ်းဆောင်သော အသက်အငယ်ဆုံး အာကာသယာဉ်မှူးအဖြစ် စံချိန်တင်ခဲ့သည်။ ၁၉၉၃ ခုနှစ် အောက်တိုဘာလတွင်...
ကျိုချွမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ပါကစ္စတန်အာကာသယာဉ်မှူးနှစ်ဦးသည် တရုတ်အာကာသယာဉ်မှူးများနှင့်အတူ လေ့ကျင့်မှုခံယူမည်ဖြစ်ပြီး ၎င်းတို့အနက် တစ်ဦးက payload (အာကာသ ဒုံးပျံယာဉ်၊ ဂြိုဟ်တုတို့တွင်ပါရှိသော ပစ္စည်းကိရိယာ) ကျွမ်းကျင်သူအဖြစ် ကာလတိုအာကာသပျံသန်းရေးမစ်ရှင်တွင် ပါဝင်ရန် ရွေးချယ်ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသအေဂျင်စီက အောက်တိုဘာ ၃၀ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်...