Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ မြို့ပြ နှင့် ကျေးလက်ဒေသများတွင် မသန်စွမ်းသူလက်မှတ်ဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိထားသူ ၈.၆ သန်းကျော်ရှိ

ပေကျင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လက်ရှိချိန်၌ မြို့ပြ နှင့် ကျေးလက်ဒေသများတွင် မသန်စွမ်းသူလက်မှတ်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိထားသူ လူပေါင်း ၈.၆ သန်းကျော်ရှိပြီး နှစ်စဉ် မသန်စွမ်းသူပေါင်း ၄ သိန်းခန့်သည် အစိုးရမှ ထောက်ပံ့ပေးသည့် အသက်မွေးဝမ်းကြောင်းသင်တန်း စီမံကိန်းကို တက်ရောက်ခဲ့ကြကြောင်း တရုတ်နိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ် (CDPF) ၊ လူ့စွမ်းအားအရင်းအမြစ် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာန တို့မှ မေလ ၁၆ ရက်၌ အတူတကွ ကျင်းပပြုလုပ်သည့် မသန်စွမ်းသူများကူညီရေးနေ့ လှုပ်ရှားမှုမှ သိရှိခဲ့ရသည်။မေလ ၁၆ ရက်သည် တရုတ်နိုင်ငံ ၃၁ ကြိမ်မြောက် အမျိုးသား မသန်စွမ်းသူ ကူညီရေးနေ့ဖြစ်သည်။ ယင်းနေ့တွင် မသန်စွမ်းသူများ အလုပ်အကိုင်ဝန်ဆောင်မှုပြခန်း နှင့် လူ့စွမ်းအားအရင်းအမြစ် ဖလှယ်ရေး အစည်းအဝေးအား ပေကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မသန်စွမ်းသူများကူညီရေးနေ့ လှုပ်ရှားမှု အခမ်းအနားတွင် လက်ရှိချိန်၌ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေ နှင့် ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ပေးခဲ့သည်။ တရုတ်နိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ် အနေဖြင့်လည်း တရုတ်နိုင်ငံ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေး ဝန်ဆောင်မှု အင်တာနက် ပလက်ဖောင်းကို အသုံးပြု၍ နယ်ပယ်အသီးသီးရှိ မသန်စွမ်းသူ အလုပ်အကိုင် ရရှိရေး အဖွဲ့အစည်း ၊ မသန်စွမ်းသူ လူမှုကူညီထောက်ပံ့ရေးအဖွဲ့အစည်း နှင့် အချို့သော လုပ်ငန်းကုမ္ပဏီများနှင့် ပူးပေါင်း၍ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်မှုများပြုလုပ်ခဲ့ကာ မြေပြင် နှင့် အွန်လိုင်း တစ်ချိန်တည်း မသန်စွမ်းသူများအတွက်အလုပ်ခေါ်ယူမှုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ချိန်ခိုင် က လက်ရှိချိန်တွင် မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးမှာ ခက်ခဲနေဆဲဖြစ်ကြောင်း ၊ အဖွဲ့ချုပ်အနေဖြင့် ဆက်လက်၍ ညှနှိုင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအနေဖြင့် မသန်စွမ်းသူများ ကူညီရေးလှုပ်ရှားမှုတွင်ပါဝင်လာရန် အားပေးသွားမည်ဖြစ်ကာ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးအတွက် ပိုမိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


中国目前城乡持证残疾人就业规模超过860万人

新华社北京5月16日电(高蕾、袁晟)目前,我国城乡持证残疾人就业规模超过860万人,每年约40万残疾人参加政府补贴职业培训项目。这是记者5月16日从中国残联、人社部和教育部共同举办的助残日主题活动上获悉的。
据了解,5月16日是第三十一次全国助残日。当天,残疾人就业服务展暨人才交流会在京召开,这也是本次助残日的主题活动。
活动现场介绍了目前残疾人就业情况。中国残联还利用中国残疾人就业创业网络服务平台,联合各级残疾人就业服务机构、社会助残组织和部分企业,围绕主题进行了残疾人就业服务先进经验和残疾人就业创业典型经验交流、线上线下招聘会等。
“当前,残疾人就业形势依然严峻。”中国残联副理事长程凯指出,中国残联将继续加大协调力度,积极鼓励社会资源参与其中,给予残疾人就业服务更大的支持。(完)

Photo
残疾人学员正在制作动画 新华网 詹乐游 摄