ဟောင်ကောင်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ပြည်မကြီးမှပံ့ပိုးမှုဖြင့် Penny’s Bay ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) တည်ဆောက်မှု ပထမအဆင့်မှာ ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ယူနစ်များကို ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရထံ ဧပြီ ၁၉ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
စင်ကာပူ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်းက အာရှပစိဖိတ်ဒေသအနေဖြင့် ကိုဗစ်-၁၉ ရောဂါကိုင်တွယ်ဖြေရှင်းပုံတွင် အမေရိကန်နိုင်ငံထက် တရုတ်နိုင်ငံကို များစွာ ပို၍လေးစားစရာကောင်းကြောင်းပြောကြားခဲ့သည်ဟု တရုတ်ဘာသာဖြင့်ထုတ်ဝေသည့် Lianhe Zaobao သတင်းစာက တနင်္လာနေ့တွင်ဖော်ပြခဲ့သည်။
ရှန်ဟိုင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ရှန်ဟိုင်းမြို့၌ အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားမှုအား ရင်ဆိုင်တိုက်ဖျက်နေချိန်တွင် များပြားသော e-commerce လုပ်ငန်းကြီးများ နှင့် အစားအစာပို့ဆောင်ရေး ပလက်ဖောင်းများ အရေအတွက် အတော်များများသည် ရှန်ဟိုင်းမြို့၏ နေ့စဉ်သုံးပစ္စည်းများ မှာယူမှုတွင် စိတ်ချအာမခံမှုရှိစေရန် ပူးပေါင်းခဲ့ကြကြောင်း သိရသည်။ JD.com ကဲ့သို့သော...
ရှန်ဟိုင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ပြည်နယ်အဆင့် ဒေသ ၁၅ ခုမှ ကျန်းမာရေးဝန်ထမ်း ၃၈,၀၀၀ ကျော်အား တရုတ်နိုင်ငံ၏ စီးပွားရေး အချက်အချာဖြစ်သော ရှန်ဟိုင်းသို့ ကိုဗစ်-၁၉ ရောဂါ (COVID-19) တစ်ကျော့ပြန်ဖြစ်ပွားမှုတိုက်ဖျက်ရေးကူညီရန် စေလွှတ်ခဲ့ကြောင်း သိရသည်။ ယင်းအနက် ကျန်းမာရေးဝန်ထမ်း ၂၇,၀၀၀ ခန့်သည်...
ရှန်ဟိုင်း ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ နောက်ဆုံးအကြိမ်တစ်ကျော့ပြန်မြင့်တက်လာခြင်းကို ထိန်းချုပ်ရန် မြို့တော်အနေဖြင့် အားထုတ်မှုအပိုင်းကို လုံးဝလျှော့ချခြင်းမပြုဘဲ ကြိုးပမ်းနေရာ အခြားသော လူနာကုတင် ၃၀,၀၀၀ အတွက် အသင့်အနေအထားပြင်ဆင်ထားရှိခြင်းနှင့်အတူ အသစ်တည်ဆောက်ဖွင့်လှစ်ထားသော ယာယီဆေးရုံအချို့တွင် ခန့်မှန်းခြေလူနာကုတင်ပေါင်း ၄၇,၇၀၀ လုံးထည့်သွင်း တည်ဆောက်ထားကြောင်း...
ပေကျင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်နယ်အဆင့်ဒေသ ၁၅ ခုမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၃၈,၀၀၀ ကျော်သည် တရုတ်နိုင်ငံ၏ ငွေကြေးလုပ်ငန်းဆိုင်ရာ အကြီးဆုံးမြို့ကြီးဖြစ်သည့် ရှန်ဟိုင်းမြို့၏ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် သွားရောက်နေကြပြီဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်(NHC) ၏ ပြောကြားချက်အရ သိရသည်။
ရှန်ဟိုင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ရှန်ဟိုင်းမြို့တွင် ရောဂါကူးစက်မှုများ မြင့်တက်လာသည်ကို တွေ့မြင်ရသဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေးကူညီရန် မကြာသေးမီရက်များအတွင်း ရှန်ဟိုင်းမြို့သို့ တရုတ်နိုင်ငံတစ်ဝှမ်း ဒေသ ၇ ခုမှမှ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၀,၀၀၀ ဝန်းကျင် ရောက်ရှိလာခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးတာဝန်ရှိသူများက ဧပြီ ၃...
ရှန်ဟိုင်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ မကြာသေးခင်က COVID-19 ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းကို ကာကွယ်ထိန်းချုပ်ရန် ကြိုးပမ်းလုပ်ဆောင်နေစဉ်အတွင်းမှာပင် ယနေ့ ဧပြီ ၃ ရက်တွင် မြို့လုံးကျွတ် ခန္ဓာကိုယ် ခုခံအားစနစ်စစ်ဆေးမှု နှင့် မနက်ဖြန် ဧပြီ ၄ ရက်တွင် နျူကလိစ်အက်စစ်ဆေးမှုများ...
ဖနွမ်းပင်၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်တိုင်းရင်းဆေးပညာရှင်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ကူညီရန် မတ် ၁၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ ရောက်ရှိခဲ့သည်။ တရုတ်တိုင်းရင်းဆေးပညာရှင်အဖွဲ့သည် ကမ္ဘောဒီးယားတွင် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကူအညီများကို ရေတိုကာလအတွင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ...
ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ပြည်တွင်းကပ်ရောဂါထိန်းချုပ်ရေး အပြည့်အဝ ပံ့ပိုးကူညီနေစဉ်အတွင်း ကမ္ဘာအနှံ့ COVID-19 ရောဂါတိုက်ဖျက်ရေးအတွင် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်တပ်မတော်သည် ပါကစ္စတန် ၊ ကမ္ဘောဒီးယား ၊ မွန်ဂိုလီးယား နှင့်...