Connect with us

News

အကျဉ်းကျခံနေရသော အကျဉ်းသား ၅၇၀၀ကျော်ကို အမျိုးသားအောင်ပွဲနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံတော်က အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသည့် အနေဖြင့်လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၅,၇၇၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ရန်ကုန်အင်းစိန်ထောင်ရှိ နိုင်ငံခြားသား လေးဦးအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၉၈၅ ဦးကို နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့်ပြုပြီး လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)