Connect with us

Culture & Entertainment

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြက္ခဒိန်ကို ရုပ်ရှင်အစည်းအရုံးမှ စီစဉ်ထုတ်ဝေ ဖြန့်ဖြူးရောင်းချမည်

နေတိုးနှင့် ပိုင်ဖြိုးသု ရိုက်ကူးထားသည့် ရုပ်ရှင် နှစ် ၁၀၀ ပြက္ခဒိန် အားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) 

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အကြိုအဖြစ် ရုပ်ရှင် နှစ် ၁၀၀ ပြက္ခဒိန်ကို ရုပ်ရှင် ချစ်ပရိသတ်များအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ စီစဉ်ထုတ်ဝေ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်။ 

၂၀၂၀ အောက်တိုဘာ ၁၃ ရက်တွင် မြန်မာ့ရုပ်ရှင်သည် နှစ် ၁၀၀ ပြည့်ပြီဖြစ် ရာ အဆိုပါ ရာပြည့်အထိမ်းအမှတ်အတွက် ပြက္ခဒိန် ထုတ်ဝေခြင်းဖြစ်ပြီး ရုပ်ရှင် နှစ် ၁၀၀ ပြည့် အခမ်းအနား ကျင်းပနိုင်ရန် ရန်ပုံငွေအဖြစ် ကျပ်သိန်း ၇၀ ကို လည်း ဓာတ်ပုံပညာရှင် မိုးမင်း (Rays)က ပြက္ခဒိန်အတွက် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ယင်းပြက္ခဒိန်တွင် မြန်မာ့ရုပ်ရှင် (ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ ရာပြည့်) ခေတ် လေးခေတ်၏ ပုံရိပ်များကို ပြန်လည် အမှတ်ရစေမည့် သရုပ်ဆောင် ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုများကို ကိုယ်စားပြု ပုံဖော်ထားသည့် ဓာတ်ပုံ လေးပုံဖြင့် ထုတ် ဝေမည်ဖြစ်ကြောင်း၊ ၁၉၂၀-၁၉၄၅ ငွေရတုအတွက် သရုပ်ဆောင် နေတိုးနှင့် ပိုင်ဖြိုးသု၊ ၁၉၄၅-၁၉၇ဝ ရွှေရတုအတွက် သရုပ်ဆောင် အောင်ရဲလင်းနှင့် ဝတ်မှုန်ရွှေရည်၊ ၁၉၇၀-၁၉၉၅ စိန်ရတုအတွက် သရုပ်ဆောင် ဒေါင်းနှင့် အေးမြတ် သူ၊ ၁၉၉၅-၂၀၂၀ ရာပြည့်အတွက် သရုပ်ဆောင် မြင့်မြတ်နှင့် အိချောပိုတို့အား ရိုက်ကူးထားကြောင်း၊ ပြက္ခဒိန် အရွယ်အစားမှာ ၂၀×၃ဝ လက်မ ဖြစ်ကြောင်း၊ ပြက္ခဒိန်ကို ရုပ်ရှင်ချစ်ပရိတ်သတ်များ အမှတ်တရ သိမ်းဆည်းထားနိုင်ရန်အတွက် ပင်ရင်းစျေး ကျပ် ၁၅၀၀ ဖြင့်ပင် ရောင်းချပေးမည်ဖြစ်ကာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ ဆန်းစတား ပိုစတာ ပြက္ခဒိန် ဖြန့်ချိရေးတို့တွင် ဝယ်ယူနိုင်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.