Connect with us

Environment, Disasters & Accidents

နိုင်ငံတစ်ဝန်း သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၁,၁၆၉ မှုဖြစ်ပွားပြီး လူ ၃၇၂ ဦးသေဆုံး

အမြန်လမ်းမကြီး၌ ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု တစ်ခုအားတွေ့ရစဉ် (အမြန်လမ်မကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၁,၁၆၉ မှုဖြစ်ပွားပြီး လူ ၃၇၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာရရှိသူ ၁,၆၅၇ဦးရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်၄၂၃,၇၉၇,၅၀၀ ရှိကြောင်း သိရသည်။” ၂၀၁၉ သြဂုတ်လနဲ့ ၂၀၂၀ သြဂုတ်လ နှိုင်းယှဉ်ရင်တော့ ဒီနှစ် သြဂုတ်လမှာ ယာဉ်တိုက်မှုလည်းပိုဖြစ်ခဲ့တယ်၊ သေဆုံးသူလည်း ၅၀လောက်ပိုများတယ်၊ ၂၀၁၉တုန်းက ၃၁၈ဦးသေဆုံးတာ၊ ၂၀၂၀ကျတော့ ၃၇၂ ဦး သေဆုံးခဲ့တယ်”ဟု နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောကြားသည်။ 

အမြန်လမ်းမကြီး၌ ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု တစ်ခုအားတွေ့ရစဉ် (အမြန်လမ်မကြီးရဲတပ်ဖွဲ့)

သြဂုတ်လအတွင်း နေပြည်တော်ကော်စီနယ်မြေတွင် ယာဉ်မတော်တဆမှု ၃၂မှု၊ ဒဏ်ရာရရှိသူ ၃၂ ဦးနှင့် သေဆုံးသူ ၁၈ ဦး၊ ကချင်နယ်တွင် ယာဉ်မတော်တဆမှု ၃၀၊ ဒဏ်ရာရရှိသူ ၃၉ဦးနှင့် သေဆုံးသူ ၉ဦး၊ ကယားပြည်နယ်တွင် ယာဉ်မတော်တဆမှု ၆မှု ၊ ဒဏ်ရာရရှိသူ ၆ဦးနှင့် သေဆုံးသူ ၃ဦး၊ ကရင်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၂၅ မှု၊ ဒဏ်ရာရရှိသူ ၂၅ ဦးနှင့် သေဆုံးသူ ၆ ဦး၊ ချင်းပြည်နယ်တွင် ယာဉ်မတော်တဆမှု ၉ မှု၊ ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် သေဆုံးသူ ၃ ဦး အသီးသီး ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီး၌ ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု တစ်ခုအားတွေ့ရစဉ် (အမြန်လမ်မကြီးရဲတပ်ဖွဲ့)

အလားတူ  စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၂၀မှု၊ ဒဏ်ရာရရှိသူ ၂၁၃ ဦးနှင့် သေဆုံးသူ ၄၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၄၆မှု၊ ဒဏ်ရာရရှိသူ ၆၂ မှုနှင့် သေဆုံးသူ ၁၂ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၆၁မှု၊ ဒဏ်ရာရရှိသူ ၂၂၄ဦးနှင့် သေဆုံးသူ ၄၃ဦး၊ မကွေးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၂၄ မှု၊ ဒဏ်ရာရရှိသူ ၂၁၁ မှုနှင့် သေဆုံးသူ ၂၇ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၅၀မှု၊ ဒဏ်ရာရရှိသူ ၁၉၈ ဦးနှင့် သေဆုံးသူ ၅၇ ဦး၊ မွန်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၇၂ မှု၊ ဒဏ်ရာရရှိသူ ၁၀၁ဦးနှင့် သေဆုံးသူ  ၁၅ဦး၊ ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၁၄ မှု၊ ဒဏ်ရာရရှိသူ ၂၁ ဦးနှင့် သေဆုံးသူ ၆ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၅၃ မှု၊ ဒဏ်ရာရရှိသူ ၂၁၅ဦးနှင့် သေဆုံးသူ ၄၇ ဦး၊ ရှမ်းပြည်နယ်တွင် ယာဉ်မတော်တဆမှု ၈၇ မှု၊ ဒဏ်ရာရာရှိသူ ၁၁၄ ဦးနှင့် သေဆုံးသူ ၄၂ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၉၂မှု၊ ဒဏ်ရာရှိသူ ၁၃၅ ဦးနှင့် သေဆုံးသူ ၂၂ ဦးနှင့် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ၄၈မှု၊ ဒဏ်ရာရရှိသူ ၅၁ ဦးနှင့် သေဆုံးသူ ၁၇ ဦး ရှိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ပထမအဖြစ်အများဆုံး အနေဖြင့်  ပဲခူးတိုင်းဒေသကြီး၊ ဒုတိယ ယာဉ်မတော်တဆမှုအဖြစ်အများဆုံး အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယ ယာဉ်မတော်တဆမှုအဖြစ်အများဆုံး အဖြစ် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.