Connect with us

Environment, Disasters & Accidents

ကော့သောင်းမြို့တွင် လေပြင်းများတိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ပျက်စီး

လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်များပြိုလဲကာ လမ်းများပိတ်ဆို့မှုဖြစ်ပေါ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ယနေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက် ၃ နာရီ ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက် ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ သစ်ပင်ကြီးများပြိုလဲကာ လူနေအိမ် တစ်ချို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုနှင့် ရပ်ကွက်နေပြည် သူများ သေကြေထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။အဆိုပါ လေပြင်းကြောင့် ပင်လယ်ကမ်းစပ်နေ ပြည်သူများ၏နေအိမ်တစ်ချို့ ပျက်စီးမှုနှင့် ကော့သောင်း-မြိတ် ပြည်ထောင်စုလမ်းပိုင်း ပြည်ကြီးမဏ္ဍိုင်မြို့နှင့် တနင်္သာရီမြို့အကြား 1020 တောင်ကြော တစ်ဝိုက် သစ်ပင်ကြီးများပြိုလဲ ကာလမ်း ပိတ်ဆို့မှုတစ်ချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများအား သက်ဆိုင်ရာက အချိန်နှင့်တစ်ပြေးညီ လိုက်လံကူညီ ရှင်းလင်း ဖယ်ရှားပေးကာ လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.