Connect with us

Environment, Disasters & Accidents

ဇွန်လဒုတိယ (၁၀) ရက်ပတ်တွင် ဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်

ချင်းတွင်းမြစ်အတွင်း သဘောင်္သွားလာနေစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ်၊ ဇွန်လဒုတိယ (၁၀) ရက်ပတ်တွင် ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ တို့ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၈-ပေမှ ၁၀-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့ တို့တွင် ၅-ပေမှ ၇-ပေခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့တို့တွင် ၉-ပေမှ ၁၁-ပေခန့် မြင့်တက်လာနိုင်ပြီး၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၆-ပေမှ ၈-ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.