Myanmar
AFF Mitsubishi Electric Cup 2022 အုပ်စု ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် လာအိုအသင်းတို့ သရေကျ

ရန်ကုန်၊ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)
၂၀၂၂ အာဆီယံချန်ပီယံရှစ် (AFF Mitsubishi Electric Cup 2022) အုပ်စု ပြိုင်ပွဲ အဖြစ် မြန်မာအသင်းနှင့် လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

မြန်မာ့လက်ရွေးစင် အသင်းနှင့် လာအိုအသင်းတို့ ဒီဇင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မြင်ကွင်းများ (ဆင်ဟွာ)

ယနေ့ပွဲစဉ် ပထမပိုင်းတွင် တစ်ဖက်တစ်ဂိုး စီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းတွင် လာအို အသင်းက ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သော်လည်း ပွဲကစားချိန် မိနစ် ၉၀ တွင် မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်က ဖရီးကစ်မှတစ်ဆင့် သွင်းယူခဲ့သည့် ဂိုးကြောင့် တစ်ဖက် နှစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စုပွဲစဉ် ၃ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် နှစ်ပွဲရှုံး တစ်ပွဲသရေ ရလဒ်ရရှိခဲ့ရာ လာမည့်ဇန်နဝါရီလ ၃ ရက်နေ့တွင် ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)