International Organizations
ဒေ့ါမွန်အသင်းက ပွဲ ၁,၀၀၀ ပြည့် အိမ်ကွင်းပွဲစဉ်၌ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့
ဘာလင်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ဧပြီ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်၌ အမှတ်ပေးဇယား အဆင့်-၂ နေရာမှ ဒေ့ါမွန်အသင်းက ဘွန်ဒက်စ်လီဂါ ပွဲ ၁,၀၀၀ ပြည့် အိမ်ကွင်းပွဲစဉ်၌ ဖရိုင်းဘတ်ကို ဂိုးပြတ်အနိုင်ယူကာ အောင်ပွဲခံနိုင်ခဲ့ပြီး လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့ပြီဖြစ်သည်။
လိဂ်ပြိုင်ပွဲတွင် လေဗာကူဆင်နှင့် ဟော့ဖန်ဟိမ်းအသင်းတို့ကို နှစ်ပွဲဆက်အရေးနိမ့်ခဲ့ပြီးနောက် ရလဒ်ကောင်းများ ပြန်လည်ရယူရန် လိုအပ်နေသည့် နည်းပြ နီကို ကိုဗက်၏အသင်းမှာ ဦးဆောင်ဂိုးကို စောစောစီးစီး သွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၈ မိနစ်တွင် ရာမီ ဘန်ဆီဘိုင်နီ၏ အဝေးဘောပေးပို့မှုမှတစ်ဆင့် မက်ဆီမီလီယန် ဘိုင်ယာက ဘွန်ဒက်စ်လီဂါ ပွဲတစ်ရာပြည့်အဖြစ် ပွဲထွက်လာခဲ့သည့် ဖရိုင်းဘတ်ဂိုးသမား နိုအာ အာတူဘိုလူကို ကျော်ဖြတ်ကာ သွင်းယူခဲ့ခြင်းဖြစ်သည်။
ထို့နောက် ခြောက်မိနစ်အကြာတွင် ဒေ့ါမွန်အသင်း ဒုတိယဂိုးရရှိခဲ့သည်။ အသက် ၁၈ နှစ်အရွယ်တွင် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့သည့် လူငယ်ကစားသမားလေး ဆမ်မူအယ်လီ အင်နာစီယိုက တစ်ချက်လှည့်ထွက်ကာ တောက်လျှောက်ဆွဲပြေးလာပြီး ဂျူလီယန် ဘရန့်ဒ်ဆီ ဘောလုံးခင်းပေးခဲ့ရာ ဘရန့်ဒ်က ညာခြမ်းမှဖြတ်တင်ပေးမှုကို အလယ်ကြောတွင် လူကပ်ခံထားရခြင်းမရှိသည့် ဆာဟူ ဂီရတ်ဆီက ပိတ်သွင်းကာ ၂-၀ ဂိုး ဖြစ်စေခဲ့သည်။ဖရိုင်းဘတ်မှာမူ ဒေါ့မွန်၏ ဖိအားပေးမှုကို ကျော်ဖြတ်နိုင်ရန် ရုန်းကန်ခဲ့ရသည်။
ဧည့်သည် ဖရိုင်းဘတ်အသင်းမှာ ဂျာမန်ဖလားပြိုင်ပွဲတွင် စတုဂတ်ကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှ ကစားသမားခုနစ်ဦးအထိ အပြောင်းအလဲလုပ်ထားသလို ယုအိတို ဆုဇုကိ၊ ယိုဟန် မန်ဇမ်ဘီနှင့် မက်သီးယက်စ် ဂျင်တာတို့လည်း ပါဝင်နိုင်ခြင်းမရှိသည့်အတွက် ပထမပိုင်းတွင် ဂိုးသွင်းခွင့်အနည်းငယ်သာ ဖန်တီးနိုင်ခဲ့သည်။ နစ်ကိုးလပ်စ် ဟော့ဖ်လာနှင့် လူးကက်စ် ဟိုလာတို့၏ ဂိုးပေါက်ခြိမ်းခြောက်မှုများမှာ ထိရောက်မှုမရှိခဲ့သလို ပွဲချိန် ၃၂ မိနစ်တွင် ဂျူလီယန် ရိုင်ယာဆန်၏ ထောင့်ကန်ဘောကန်တင်ပေးမှုကို ဘန်ဆီဘိုင်နီက ခေါင်းတိုက်သွင်းယူခဲ့သဖြင့် ၃-၀ ဂိုး ဖြစ်သွားခဲ့ပြီး ဒေ့ါမွန်က ပြတ်ပြတ်သားသား ဦးဆောင်ထားနိုင်ခဲ့သည်။
ဖရိုင်းဘတ်အနေဖြင့် ဒေါ့မွန်ဘက်က ကစားအားချလိုက်ပြီးနောက်မှသာ ပထမပိုင်းတွင် အကောင်းဆုံးအခွင့်အရေး ရရှိခဲ့ပြီး လက်ပစ်ဘောမှတစ်ဆင့် ဟိုလာ၏ အဆုံးသတ်မှုကို ဒေ့ါမွန်ဂိုးသမား ဂရီဂေါ် ကိုဘယ်လ် အလျင်အမြန်ကာကွယ်ခဲ့ရသည်။ ပထမပိုင်းတွင် အိမ်ရှင်ဒေါ့မွန်က ဂိုးကန်သွင်းမှု ၁၁ ကြိမ်ရှိခဲ့ပြီး ဖရိုင်းဘတ်ကမူ ၃ ကြိမ်သာ ရှိခဲ့သည်။
ဒုတိယပိုင်းတွင် ကစားအားလျှော့ချလိုက်ရာ ဖရိုင်းဘတ်က ခဏတာ ကစားပုံကောင်းမွန်လာခဲ့ပြီး ပွဲချိန် ၅၅ မိနစ်တွင် လူးကက်စ် ကူဘလာ၏ ကန်ချက်မှာ ဂိုးဝင်သွားခဲ့သဖြင့် ချေပဂိုးတစ်ဂိုး ရရှိသွားပြီဟု ထင်မှတ်ရသော်လည်း လူကျွံနေသည့်အတွက် VAR က ပြန်လည်ပယ်ဖျက်ခဲ့သည်။
ပွဲချိန်နှောင်းပိုင်းတွင် နည်းပြကိုဗက်က ကစားသမားအပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂီရတ်ဆီ၏နေရာတွင် ဖေဘီယို ဆေးလ်ဗားကို ထည့်သွင်းကစားစေခဲ့ရာ ပွဲချိန် ၈၇ မိနစ်တွင် ဘိုင်ယာ၊ ကာနေ ချူကူမီကာနှင့် ဒါနီရယ် ဆဗင်ဆန်တို့၏ တွဲလုံးမှတစ်ဆင့် ဆေးလ်ဗားက စတုတ္ထဂိုးသွင်းယူခဲ့သည်။
ယခုအနိုင်ရလဒ်မှာ ဒေ့ါမွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါတွင် အိမ်ကွင်းနိုင်ပွဲ ၆၀၀ ပြည့်မြောက်ခဲ့ခြင်းလည်းဖြစ်သည်။ ဖရိုင်းဘတ်အသင်းမှာမူ အဆင့်-၈ သို့ ရောက်ရှိသွားခဲ့ပြီး ဖရန့်ဖွတ်ကို ကျော်ဖြတ်ကာ အဆင့်-၇ နေရာကို ရယူနိုင်မည့် အခွင့်အရေးကိုလည်း လွဲချော်ခဲ့ရသည်။ ဖရန့်ဖွတ်မှာ အနိမ့်ဆုံးအနေဖြင့် ကွန်းဖရန့်စ်လိဂ်ဝင်ခွင့်ရရှိရန် သေချာနေပြီဖြစ်သည်။
“အိမ်ကွင်း ၁,၀၀၀ ပြည့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့လို့ တကယ့်ကိုဝမ်းမြောက်မိပါတယ်။ အသင်းအနေနဲ့ မိနစ် ၉၀ လုံးလုံး အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တဲ့အတွက် ကစားသမားတွေကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု ဒေ့ါမွန်အသင်းနည်းပြ ကိုဗက်က ဆိုသည်။
အခြားပွဲစဉ်၌ အဆင့်-၄ နေရာမှ စတုဂတ်အသင်းက ဝါဒါဘရီမင်နှင့် ၁ ဂိုးစီ သရေကျခဲ့သော်လည်း လက်ရှိနေရာ၌ပင် ရပ်တည်လျက်ရှိသည်။ (Xinhua)

ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က ဒေ့ါမွန်အသင်းနှင့် ဖရိုင်းဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဒေ့ါမွန်အသင်းမှ ဝါလ်ဒီမာ အန်တန် (အလယ်) ၏ ထိုးဖောက်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က ဒေ့ါမွန်အသင်းနှင့် ဖရိုင်းဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဒေ့ါမွန်အသင်းနည်းပြချုပ် နီကို ကိုဗက် အမူအရာဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

………………….
(English Version)
Dortmund turns landmark fixture into Champions League ticket
BERLIN, April 26 (Xinhua) — Second-placed Borussia Dortmund celebrated its 1,000th Bundesliga home match in style on Sunday, sweeping aside a rotated Freiburg side to secure qualification for next season’s Champions League.
Needing a response after consecutive league defeats to Bayer Leverkusen and TSG Hoffenheim, Niko Kovac’s team settled the contest early. Maximilian Beier opened the scoring in the eighth minute, running onto Ramy Bensebaini’s long pass before beating Noah Atubolu in his 100th Bundesliga appearance.
Six minutes later, Dortmund struck again. Samuele Inacio, making his first start at the age of 18, carried the ball forward after a turnover and fed Julian Brandt, whose cross from the right found Serhou Guirassy unmarked in the center to make it 2-0 as Freiburg struggled to escape the pressure.
The visitors, who made seven changes from their cup defeat in Stuttgart and were without Yuito Suzuki, Yohan Manzambi and Matthias Ginter in the squad, offered little before the interval. Nicolas Hofler and Lucas Holer had harmless efforts, while Bensebaini underlined Dortmund’s superiority in the 32nd minute by heading in Julian Ryerson’s corner to make it 3-0.
Freiburg’s clearest first-half chance came only after Dortmund eased off, with Holer forcing Gregor Kobel into a quick save from a throw-in. By halftime, the hosts had registered 11 shots to Freiburg’s three.
The second half was played at a lower tempo. Freiburg improved briefly and thought it had reduced the deficit in the 55th minute through Lukas Kubler, but the goal was ruled out after a VAR review for offside.
Kovac used the closing stages to rotate, with Fabio Silva replacing Guirassy before finishing a move involving Beier, Carney Chukwuemeka and Daniel Svensson in the 87th minute.
The victory also marked Dortmund’s 600th Bundesliga home win. Freiburg dropped to eighth, missing the chance to pull away from Frankfurt in the race for seventh place, which already guarantees at least Conference League qualification.
“We are of course delighted to have won our 1,000th home game. I think the team played very well over the full 90 minutes. Compliments and congratulations to the players for already securing Champions League qualification,” said Dortmund coach Kovac.
Elsewhere, fourth-placed VfB Stuttgart was held to a 1-1 draw by Werder Bremen but remains fourth.
English Caption 1
Fabio Silva of Borussia Dortmund celebrates scoring during the German first division Bundesliga football match between Borussia Dortmund and SC Freiburg in Dortmund, Germany, April 26, 2026. (Photo by Ulrich Hufnagel/Xinhua)
English Caption 2
Waldemar Anton (C) of Borussia Dortmund breaks through during the German first division Bundesliga football match between Borussia Dortmund and SC Freiburg in Dortmund, Germany, April 26, 2026. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Borussia Dortmund’s head coach Niko Kovac gestures during the German first division Bundesliga football match between Borussia Dortmund and SC Freiburg in Dortmund, Germany, April 26, 2026. (Photo by Ulrich Hufnagel/Xinhua)
