Connect with us

Politics, Law & Military

ငွေကြေးဖောင်းပွမှု မြင့်လာရခြင်းမှာ လောင်စာဆီဈေးကြောင့်သာ ဖြစ်ဟုဆို

ငွေစက္ကူများအားတွေ့ရစဉ်။(ဆင်ဟွာ)

နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

လက်ရှိ၌ ငွေကြေးဖောင်းပွမှု အတန်အသင့် မြင့်မားလာရခြင်းမှာ ငွေကြေးပမာဏ တိုးတက်မှုနှုန်းနှင့် ချေးငွေ တိုးတက်မှုနှုန်းများ လွန်စွာ မြင့်မားနေခြင်းကြောင့် မဟုတ်ဘဲ လောင်စာဆီဈေးကြောင့်သာ ဖြစ်သည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လောင်စာဆီဈေးနှုန်းမြင့်မားမှုကြောင့် သယ်ယူ ပို့ဆောင်စရိတ် မြင့်မားခြင်း၊ ငွေလဲလှယ်နှုန်း မြင့်တက်သဖြင့် သွင်းကုန် ဈေးနှုန်းများ မြင့်တက်ခြင်းနှင့်အတူ စားသုံးသူဈေး ဆနှုန်းကိန်း မြင့် တက်နေခြင်း စသည့် အခြေအနေများ၊ အသုံးစရိတ်များ၏ တွန်းအားပေးမှုများကြောင့် ငွေဖောင်း ပွနှုန်းမြင့်တက်ရသည်ဟု ဆိုနိုင်ကြောင်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၏ အမေးကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရန်နဲ့ ငွေကြေးပမာဏ သင့်တင့်မျှတ သည့် အနေအထားမှာ ရှိနေစေရန်၊ သို့ မဟုတ် ငွေကြေး ဖောင်းပွမှုနှုန်း လွန်စွာ မြင့်မားခြင်းမရှိစေဖို့ ငွေကြေးပမာဏ (money supply) ကို သင့်တင့်သည့်နှုန်းမှာ ရှိနေစေဖို့ သီးသန့်ငွေကြေးပမာဏအား ရည်မှန်းသတ်မှတ်ထားရှိသည့် ငွေကြေးမူဝါဒဘောင်ကို ချမှတ်ကျင့်သုံးနေပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုအခြေအနေမှာ ၂၀၁၂ ကို အခြေခံနှစ်အဖြစ်ထားပြီးတွက်ပါက ၂၀၁၆ – ၁၇ တွင် ပျမ်းမျှ ငွေဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ဖောင်းပွမှုနှုန်းမှာ ၇ ရာခိုင်နှုန်း၊ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၀၃ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ဖောင်းပွမှုနှုန်းမှာ ၅ ဒသမ ၄၂ ရာခိုင်နှုန်း၊ ၂၀၁၈ -၁၉ ဘဏ္ဍာနှစ်အတွင်း ၂၀၁၉ ဇွန်လတွင် ပျမ်းမျှ ငွေဖောင်းပွမှုနှုန်းမှာ ၈ဒသမ ၀၈ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှု နှုန်းမှာ ၉ ဒသမ ၅၁ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း၊၂၀၁၈ – ၁၉ တတိယသုံးလပတ်တွင် ငွေဖောင်းပွမှုနှုန်း တိုးမြင့်လာရသည့် အဓိကအကြောင်းရင်းမှာ အခြေခံ စားကုန်များ ဈေးနှုန်း မြင့်မားလာပြီး စားသုံးသူဈေး ဆနှုန်းကိန်းများ မြင့်မားလာခဲ့ခြင်းကြောင့် ဖြစ်ကြောင်းလည်း ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ က ရှင်းလင်းဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.