Connect with us

Science & Technology

ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ ငလျင် သုတေသန စင်တာ (MERC) အား စတင် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေ

မန္တလေး တိုင်းသပိတ်ကျင်း မြို့၌ ၂၀၁၂ ခုနှစ်တွင် ငလျင်ဒါဏ်ကြောင့် ပျက်စီးသွားသော အဆောက် အအုံများ (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် မြန်မာနိုင်င ံငလျင် သုတေသန စင်တာ (MERC) အား စတင် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံ ငလျင် ကော်မတီမှ အတွင်းရေးှမှူး ဒေါက်တာ မျိုးသန့်က ဆင်ဟွာကို ယနေ့ ပြောကြားသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ငလျင် ကော်မတီ၊ Unhabitat တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ငလျင် သုတေသန စင်တာ အား ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်ပြီး အဆိုပါ အဖွဲ့ ၃ ခုမှ နောက်ဆုံးအစည်းအဝေးထိုင်ပြီးသည့် အချိန်တွင် MERC ၏ အဆိုပြုလွှာအား သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဒေါက်တာ မျိုးသန့်က “မြန်မာနိုင်ငံက ငလျင်နဲ့ ပတ်သက်တဲ့ သုတေသန စင်တာမျိုး မရှိသေးဘူး။ ငလျင်ကြောတွေ အများကြီး ရှိတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ငလျင် သုတေသန စင်တာ တစ်ခု ရှိသင့်တယ်လို့ ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ ငလျင် သုတေသန စင်တာ ပေါ်ပေါက်ဖို့ အတွက် ကြိုးစားရတာ ဖြစ်ပါတယ်’’ ဟု ပြောသည်။

စစ်ကိုင်း ငလျင် ပြတ်ရွေ့ကြော ပေါ်တွင် မြန်မာနိုင်ငံရှိ မြို့ကြီး အများစု တည်ရှိနေပြီး စစ်ကိုင်း၊ ပဲခူး၊ တောင်ငူ၊ ပြည်၊ ရန်ကုန်မြို့တို့အား လေ့လာ ဆန်းစစ်မှု အရ ရရှိလာသည့် အဖြေများအား ကြည့်ကာ (MERC) အား ဖွင့်လှစ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် ပြတ်ရွေ့(ငလျင်ကြော) များစွာရှိပြီး စစ်ကိုင်း ပြတ်ရွေ့၊ ကျောက်ကျန်း ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ ကျောက်မဲ ပြတ်ရွေ့၊ ပဲခူးပြတ်ရွေ့ စသဖြင့် ပြတ်ရွေ့ကြော များစွာ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.