Connect with us

Science & Technology

မြန်မာနိုင်ငံ တွင် ပထမဆုံး မော်တော်ယာဉ် ခြေရာခံစနစ် အောက်တိုဘာလတွင် စတင်မည်

ရန်ကုန်မြို့ရှိကားများအားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊အောက်တိုဘာ ၂ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်းရှိ မော်တော်ယာဉ် များအား နေရာမရွေး ခြေရာခံနိုင်မည့် စနစ်ကို အောက်တိုဘာလတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း VMG Telecom မှ တာဝန်ရှိသူ၏ ပြောကြားချက်အရသိရသည်။

၎င်းစနစ်အား အသုံးပြုနိုင်ရန် အူရီဒူး 3G ကွန်ရက်ဖြင့် အင်တာနက်ချိတ်ဆက် ထားကာ နောက်ပိုင်းတွင် အော်ပရေတာ အားလုံးဖြင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။

ယာဉ်အသုံးပြုမှု များသော ကုမ္ပဏီများ အနေဖြင့် အဝေးပြေး မော်တော်ယာဉ်လိုင်းများတွင် ယာဉ်မတော် တဆမှုဖြစ်ပွားပါက ရုံးချုပ်သို့ တိုက်ရိုက်အလိုအလျောက် သတင်းပေးပို့နိုင်မည် ဖြစ်ကြောင်း ၊မော်တော်ယာဉ် ခြေရာခံစနစ်သည် မော်တော်ယာဉ်များ၏ ဘေးကင်းလုံခြုံရေးကို သာမက ဒုစရိုက်မှုများ မဖြစ်ပွားစေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

“အဲ့ဒီ့မော်တော်ယာဉ် ခြေရာခံသည့် စနစ်တွင် မှာ မော်တော်ယာဉ် ကီလိုမီတာ ၂ဝ အထက်မောင်းနှင်မှု ရှိ၊မရှိ၊ မိမိပိုင် ဆိုင်တဲ့ မော်တော်ယာဉ်ကို အလွဲသုံးမှု ရှိ၊မရှိ၊ သတ်မှတ်မိုင်နှုန်းထက် မောင်းနှင်မှု ရှိ၊မရှိ တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ သတင်းပေးပို့နိုင်မှာဖြစ်တယ်’’ ဟု ၎င်းတာဝန်ရှိသူကပြောသည်။

မော်တော်ယာဉ်ခြေရာခံစနစ် ဝန်ဆောင်မှု တပ်ဆင်အသုံးပြုလိုပါက အနည်းဆုံး အမေရိကန်ဒေါ်လာ ၄ဝ မှ အမေရိ ကန်ဒေါ်လာ ၁ဝဝ အထိ ရှိမည်ဖြစ်သည်။ ယင်းစနစ် သည် Tracking System ဖြစ်ပြီး မော်တော်ယာဉ်သွားရာ လမ်းကြောင်းအတိုင်း ညွှန်ကြား ပေးထားမည်ဖြစ်ကာ မော်တော်ယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ မိမိမိုဘိုင်းလ်ဖုန်းနှင့် ကွန်ပျူတာများမှ တစ်ဆင့် ကြည့်ရှုနိုင်မည် ဖြစ်ပြီး၊ မြန်မာနိုင်ငံ၌ ပထမဆုံး စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)