Connect with us

Social

တစ်နိုင်ငံလုံးရှိ တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် တောင်သူလယ်သမားများသို့ အသိပေးကြေညာချက်ထုတ်ပြန်

စပါးစိုက်တောင်သူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးရှိ တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် တောင်သူလယ်သမားများသို့ အသိပေးကြေညာချက်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တောင်သူလယ်သမားများ ဦးကြီးများ၏ စိုက်ပျိုးစရိတ်လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လုပ်ကွက်ငယ် တောင်သူ လယ်သမားများသို့ နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါသည်။ ယခုအခါ သီးနှံအမျိုးအစား အလိုက် စပါး ၁ ဧက ကျပ် ၁၅၀,၀၀၀ နှုန်း၊ အခြားသီးနှံများနှင့် ချက်ကြံကို ၁ ဧက ကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် တောင်သူ တစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းကို ဘဏ်မှ အပေါင်အဖြစ်ရယူ၍ တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသောစနစ်ဖြင့် ချေးငွေများရယူနိုင်ကြောင်း သိရသည်။ 

၂၀၁၆-၂၀၁၇ ခုနှစ်တွင် စပါးချေးငွေနှုန်းထားကို တစ်ဧကကျပ် (၁) သိန်းမှ (၁) သိန်းခွဲသို့ လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ် (၂) သောင်းမှ (၅) သောင်းသို့လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ် (၅) သောင်းမှ (၁) သိန်းသို့လည်းကောင်း ချေးငွေနှုန်းထား (၃) ကြိမ် တိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ခုနှစ်တွင် လက်ရှိထုတ်ချေးပေးလျက်ရှိသော သီးနှံ ၁၄ မျိုးအပြင် ထပ်မံတိုးချဲ့၍ ပဲမျိုးစုံ ၄ မျိုး (ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲ)၊ ဆီထွက်သီးနှံ ၂ မျိုး (ပန်းနှမ်း၊ နေကြာ)၊ စားဖိုဆောင်သီးနှံ ၂ မျိုး (ကြက်သွန် နီ၊ ငရုတ်) စသည့် ပြည်ပပို့ကုန်နှင့် ပြည်တွင်းတွင် စားသုံးမှုများပြားသော အခြားသီးနှံ ၈ မျိုးကို ဆောင်းချေးငွေမှစတင် ပြီး ယခင်နှစ်နှုန်းထားအတိုင်း ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမည့် ကာလများ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.